စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး သားအဖနှစ်ဦးနှင့် ရွှေဘိုမြို့နယ်တွင် ကျောင်းအုပ်ဆရာ တစ်ဦး ဇူလိုင် ၄ ရက်က အသတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဆားလင်းကြီးမြို့နယ် ရေခါးကျေးရွာ အုပ်ချုပ်ရေးမှူး သားအဖနှစ်ဦးသည် ဇူလိုင် ၄ ရက်က ရေခါးရွာအနီး ပုသိမ်-မုံရွာလမ်း ကြားတစ်နေရာတွင် အသတ်ခံခဲ့ရကြောင်း ဆက်လက် သိရသည်။
အဆိုပါ သားအဖ နှစ်ဦးသည် လည်ပင်းပြတ်ရှ ဒဏ်ရာများနှင့် အသတ်ခံခဲ့ရကြောင်း အလောင်းကိုမူ မုံရွာဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း ဆက်လက် သိရသည်။
အလားတူ ဇူလိုင် ၄ ရက်က ရွှေဘိုမြို့နယ် ရွာသာရွာကျေးရွာရှိ မူလတန်းကျောင်းအုပ် တစ်ဦးသည် ညနေပိုင်းက နေအိမ်တွင် အသတ်ခံခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လက ခင်ဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူးအချို့ အသတ်ခံခဲ့ရသေးကြောင်း သိရသည်။