"ကျွန်တော်က ကစားသမားတွေ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာအောင် လုပ်ပေးခဲ့ရုံပါပဲ"

"ကျွန်တော်က ကစားသမားတွေ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာအောင် လုပ်ပေးခဲ့ရုံပါပဲ"
Photo:Getty images
Photo:Getty images
Published 10 June 2021

          အင်တာမီလန်နဲ့ မန်စီးတီးနည်းပြဟောင်း ရောဘတ်တိုမန်စီနီဟာ ၂၀၁၈ ခုနှစ် မေလထဲမှာ အီတလီအသင်းကို စတင်ကိုင်တွယ်ခဲ့တာ ဖြစ်တဲ့အတွက် လက်ရွေးစင်နည်းပြသက်တမ်း (၂)နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ မန်စီနီက အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ အဖွင့်ပွဲ (၅)ပွဲစလုံးမှာ နိုင်ပွဲလုံးဝမရှိခဲ့ဘဲ ရှုံးပွဲ (၂)ပွဲ၊ သရေပွဲ(၃)ပွဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကနေ လက်ရှိ ယူရို-၂၀၂၀ ပြိုင်ပွဲမတိုင်ခင်အထိ အီတလီအသင်းဟာ (၂၇)ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အီတလီအသင်းဟာ အုပ်စုတွင်းမှာလည်း တူရကီ၊ ဆွစ်ဇာလန်၊ ဝေးလ်စ်အသင်းတွေနဲ့ ကျရောက်နေတာကြောင့် နောက်တစ်ဆင့်တက်ရောက်ဖို့ ရေပန်းစားနေပါတယ်။ တူရကီအသင်းနဲ့ကစားရမယ့် ယူရို-၂၀၂၀ ပြိုင်ပွဲ အဖွင့်ပွဲမတိုင် ခင် မန်စီနီကို ယူရိုပြိုင်ပွဲ ရင်ခုန်သံတွေအကြောင်း မေးမြန်းခဲ့ရာမှာတော့ - - - - 

 

Most Read

Most Recent