ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းများထဲတွင် ဂျာမနီအသင်း ဝတ်စုံစပွန်ဆာကြေး အများဆုံးရရှိနေပြီး တစ်နှစ်ပေါင် (၅၆)သန်းရှိ

ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းများထဲတွင် ဂျာမနီအသင်း ဝတ်စုံစပွန်ဆာကြေး အများဆုံးရရှိနေပြီး တစ်နှစ်ပေါင် (၅၆)သန်းရှိ
Photo: AFP
Photo: AFP
Published 10 June 2021

ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းများ အားလုံးထဲတွင် ဂျာမနီအသင်းက ဝတ်စုံစပွန်ဆာကြေး အများဆုံးရရှိနေပြီး၊ Nike မှ စပွန်ဆာပေးထားသည့် အသင်းအရေအတွက် အများဆုံးပါဝင်နေကြောင်း သိရသည်။

ဂျာမနီအသင်းသည် ဂျာမနီအခြေစိုက်အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Adidas နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး၊ တစ်နှစ်ပျမ်းမျှ စပွန်ဆာကြေးမှာ ပေါင် (၅၆)သန်းအထိရရှိနေသည်ဟု PR Marketing က ဖော်ပြခဲ့သည်။

ဒုတိယနေရာတွင်မူ Nike မှ စပွန်ဆာပေးထားသည့် ပြင်သစ်အသင်းက ရပ်တည်နေပြီး ပြင်သစ်အသင်း၏ တစ်နှစ်စပွန်ဆာကြေးမှာ ပေါင် (၄၃)သန်းရှိကာ၊ Nike မှပင် စပွန်ဆာပေးထားသည့် အင်္ဂလန်မှာမူ တစ်နှစ်စပွန်ဆာကြေး ပေါင် (၃၃.၃)သန်းရရှိနေသည်။

ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းအားလုံးသည် ဝတ်စုံစပွန်ဆာကြေးများရရှိထားကြပြီး ပြိုင်ပွဲဝင်အသင်းအားလုံးထဲတွင် စပွန်ဆာကြေးအနည်းဆုံးရရှိနေသည့်အသင်းမှာ မြောက်မက်ဆီဒိုးနီးယားအသင်းဖြစ်သည်။

မြောက်မက်ဆီဒိုးနီးယားအသင်းကို ဂျာမနီအားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုပင်ဖြစ်သည့် Jako က စပွန်ဆာပေးထားပြီး တစ်နှစ်စပွန်ဆာကြေးမှာ ပေါင် (၄)သိန်းဖြစ်သည်။

ပြိုင်ပွဲဝင်အသင်း (၂၄)သင်းထဲတွင် Nike မှ စပွန်ဆာပေးထားသည့်အသင်း (၉)သင်းဖြင့် အများဆုံးပါဝင်နေပြီး Adidas စပွန်ဆာပေးထားသည့်အသင်းက (၈)သင်းပါဝင်လျက်ရှိသည်။

အခြားကုမ္ပဏီများထဲတွင် Puma က (၄)သင်းဖြင့် အများဆုံးဖြစ်ပြီး Jako၊ Joma နှင့် Hummel တို့က (၁) သင်းစီပါဝင်နေသည်။

Most Read

Most Recent