ဘူးစကွက်စ်နှင့် ဒီယေဂိုလော်ရန်တေးတို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်  စပိန်အသင်းသားများ အရေးပေါ်ကာကွယ်ဆေး ထိုးခွင့်ရရှိ

ဘူးစကွက်စ်နှင့် ဒီယေဂိုလော်ရန်တေးတို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်  စပိန်အသင်းသားများ အရေးပေါ်ကာကွယ်ဆေး ထိုးခွင့်ရရှိ
Photo: RFEF
Photo: RFEF
Published 10 June 2021

ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မည့် စပိန်လက်ရွေးစင်အသင်းတွင် ဘူးစကွက်စ်နှင့် ဒီယေဂိုလော်ရန်တေးတို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် စပိန်အသင်းသားများသည် အရေးပေါ်ကာကွယ်ဆေးထိုးခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။

ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် စပိန်လက်ရွေးစင်ဘောလုံးသမားများသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးခွင့်မရခဲ့ဘဲ ယခုအခါ အသင်းကစားသမား(၂)ဦး ကူးစက်ခံရပြီးနောက် ကစားသမားများအား အရေးပေါ်ကာကွယ်ဆေးထိုးပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စပိန်အသင်း၏ အဓိကကွင်းလယ်လူ ဘူးစကွက်စ်သည် ဇွန်(၆)ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ရပြီး နောက်ခံလူ ဒီယေဂိုလော်ရန်တေးမှာ ဇွန် (၈)ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။

စပိန်နည်းပြ အင်းနရစ်သည် အသင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ရှိနေခြင်းကြောင့် ကစားသမား (၁၇)ဦးအထိ အရန်သင့်ခေါ်ယူထားကြောင်းလည်း သိရှိရသည်။

စပိန်ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် လက်ရွေးစင်အသင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများရှိလာခဲ့ခြင်းကြောင့် အရေးပေါ်ကာကွယ်ဆေးထိုးပေးရန် စီစဉ်လာခြင်းဖြစ်ပြီး ယခုအပတ်အတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စပိန်မီဒီယာများ၏ ဖော်ပြချက်အရ စပိန်အသင်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန် ပျက်ကွက်သည့်ကစားသမားများကို ပွဲကစားခွင့်ပြုမည်မဟုတ်ကြောင်း သိရှိရသည်။

စပိန်အသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲ၏ အုပ်စု(E)  တွင် ပိုလန်၊ ဆလိုဗက်ကီးယား၊ ဆွီဒင်အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိနေပြီး ဇွန်လ (၁၄)ရက်တွင် ဆွီဒင်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်သည်။ 

Most Read

Most Recent