■ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သည့် မန်စီးတီးအား မန်ယူနောက်ခံလူဟောင်း အီဗရာ Photoshop လုပ်ထားသည့်ပုံဖြင့် လှောင်ပြောင်ထိုးနှက်

■ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သည့် မန်စီးတီးအား မန်ယူနောက်ခံလူဟောင်း အီဗရာ Photoshop လုပ်ထားသည့်ပုံဖြင့် လှောင်ပြောင်ထိုးနှက်
Published 31 May 2021

မန်ယူအသင်း၏ နာမည်ကျော် ပြင်သစ်နောက်ခံလူဟောင်း ပက်ထရစ်အီဗရာသည် ချယ်လ်ဆီးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့သည့် မန်စီးတီးအသင်းအား Photoshop လုပ်ထားသည့်ပုံဖြင့် လှောင်ပြောင်ထိုးနှက်ခဲ့ကြောင်း သိရှိရသည်။

အီဗရာသည် Troll ယဉ်ကျေးမှုတစ်ခုဖြစ်သည့် လူသိများထင်ရှားသည့်ပုံတစ်ပုံတွင် လှောင်ပြောင်သရော်လိုသည့် စာသားများထည့်သွင်းကာ မန်စီးတီးအသင်းကို ထိုးနှက်ခဲ့ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာ၏မန်စီးတီးအသင်းသည် သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားယူရန် အခွင့်အရေးရခဲ့သော်လည်း လွဲချော်ခဲ့ပြီးနောက် အီဗရာက ယင်းကျရှုံးမှုအပေါ် အလွန်ပျော်ရွှင်သည့်ခံစားမှုကို ပြသခဲ့သည်။ 

၎င်းအသုံးပြုခဲ့သည့်ပုံတွင် သူသည် မန်ယူအသင်းဂန္ထဝင်ကစားသမား ဘော်ဘီချာလ်တန်နှင့်အတူ ထိုင်နေပြီး ချန်ပီယံလိဂ်ဖလားကိုကြည့် ကာ မန်စီးတီးအသင်း၏ နာမည်မပါသေးသည့်အကြောင်းကို ပြောဆိုနေကြသည့် အဓိပ္ပာယ်ဖြင့် အသုံးပြုထားခြင်းဖြစ်သည်။ 

ပုံပေါ်တွင် ရေးထားသည့်စာ၌ အီဗရာက ''ဆာဘော်ဘီရေ . . . မန်စီးတီးအသင်းရဲ့ နာမည်ပါနေပြီလားဆိုတာကို ပြန်ကြည့်ပေးပါဦး''ဟု ပြောထားပြီး၊ ဘော်ဘီချာလ်တန်က ''အခုအထိပါ မလာသေးဘူး ပက်ထရစ်ရေ''ဟု ပြန်ပြောထားခြင်း ဖြစ်သည်။ 

အီဗရာ၏ Troll မှုအပေါ် မန်စီးတီးအသင်းပရိသတ်များသည် အလွန်ဒေါသထွက်ခဲ့ကြကာ အပျော်တမ်းပရိသတ်တစ်ဦးဆန်ဆန် လုပ်ရပ်မျိုးဟုဆိုခဲ့ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားဟောင်းနှင့် ဘောလုံးသုံးသပ်သူဟောင်းတစ်ဦးအနေဖြင့် အလွန်ရှက်စရာကောင်းသည့် လှောင်ပြောင်မှုဟု သုံးသပ်မှုများ လည်းရှိခဲ့သည်။ 

မူလဓာတ်ပုံအစစ်မှာ စကော့တလန်ကြယ်ပွင့်ကစားသမားဟောင်း ရိုင်ယန်နှင့် ၁၉၆၆ ကမ္ဘာ့ဖလားကြယ်ပွင့် ဘော်ဘီချာလ်တန်တို့သည် မန်ယူအသင်းက ဘင်ဖီကာအသင်းကို အနိုင်ရရှိခဲ့သည့် ဥရောပဖလား (ယခု ချန်ပီယံလိဂ်) ပွဲစဉ်အပြီးတွင် အိုးလ်ထ  ရက်ဖို့ဒ်ကွင်းအတွင်း ချန်ပီယံလိဂ်ဖလားကြီးကို အတူထိုင်ကြည့်နေသည့် ပုံလည်းဖြစ်သည်။ 

အီဗရာသည် ဘော်ဘီချာလ်တန်နှင့် ရိုင်ယန်တို့၏ ဓာတ်ပုံ နှစ် (၄၀)ပြည့်နှစ်ဖြစ်သည့် ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အသုံးပြုခဲ့ဖူးသည်။ 

Most Read

Most Recent