ပေါ့ဘာအား တစ်ပတ်ပေါင်(၄)သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် မန်ယူ ကြိုးပမ်းနေပြီး အဆင်မပြေပါက ရောင်းထုတ်ရန်လည်း စီစဉ်ထား

ပေါ့ဘာအား တစ်ပတ်ပေါင်(၄)သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် မန်ယူ ကြိုးပမ်းနေပြီး အဆင်မပြေပါက ရောင်းထုတ်ရန်လည်း စီစဉ်ထား
Photo: United Zone
Photo: United Zone
Published 3 May 2021

မန်ယူအသင်းသည် အသင်း၏ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအား တစ်ပတ်လစာငွေပေါင် (၄)သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

မန်ယူအသင်းတာဝန်ရှိသူများသည် ပေါ့ဘာအား စာချုပ်သစ် ချုပ်ဆိုရန်ကိစ္စအတွက် ယခုမေလအတွင်း သူ၏အေးဂျင့်ဖြစ်သူ ရိုင်ယိုလာနှင့် ဆွေးနွေးမှုများ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

အကယ်၍ ယင်းစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါက ပေါ့ဘာအနေဖြင့် မန်ယူအသင်း၌ နောက်ထပ် (၄)နှစ်ဆက်ရှိနေမည်ဖြစ်သလို၊ အသင်းသမိုင်းကြောင်းတစ်လျှောက် လစာငွေအများဆုံးစံချိန်တင်ရရှိသည့်ကစားသမားလည်း ဖြစ်လာမည်ဖြစ်သည်။

မန်ယူအသင်းတာဝန်ရှိသူများသည် ပေါ့ဘာအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှု အဆင်မပြေခဲ့ပါက လာမည့်နွေရာသီတွင် ရောင်းထုတ်သွားရန်လည်း အသင့်ပြင်ထားကြောင်း သိရှိရသည်။

ပေါ့ဘာ၏ အေးဂျင့်ဖြစ်သူ ရိုင်ယိုလာဘက်မှ အလွန်မြင့်မားသည့် တောင်းဆိုမှုများ ပြုလုပ်လာခဲ့ပါက မန်ယူအသင်းအနေဖြင့် လိုက်လျောမည်မဟုတ်ဘဲ ပေါ့ဘာနှင့်လမ်းခွဲရန်သာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ရာ မန်ယူအသင်းသည် ပေါ့ဘာနေရာအစားထိုးမည့် ကွင်းလယ်ကစားသမားများအဖြစ် ဝက်စ်ဟမ်းမှ ဒက်ကလန်ရိုက်၊ လက်စတာမှ အန်ဒီဒီ၊ အက်သလက်တီကိုမှ ဆာအူလ်တို့ကို ပစ်မှတ်ထားနေကြောင်း သိရသည်။

Most Read

Most Recent