ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခု လက်လွှတ်ဆုံးရှုံးရပြီးနောက် မစ်ဒယ်ဝိတ်တန်းပွဲစဉ်များသာ ဦးစားပေးယှဉ်ပြိုင်သွားမည်ဟု One Championship နှင့်တွေ့ဆုံစဉ် အောင်လအန်ဆန် အတည်ပြုပြောကြား

ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခု လက်လွှတ်ဆုံးရှုံးရပြီးနောက် မစ်ဒယ်ဝိတ်တန်းပွဲစဉ်များသာ ဦးစားပေးယှဉ်ပြိုင်သွားမည်ဟု One Championship နှင့်တွေ့ဆုံစဉ် အောင်လအန်ဆန် အတည်ပြုပြောကြား
Photo: One Fc
Photo: One Fc
Published 3 May 2021

မြန်မာ MMA ကစားသမား အောင်လအန်ဆန်က ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခု လက်လွှတ်ဆုံးရှုံးရပြီး နောက် ထပ်မံထိုးသတ်မည့်ပွဲများ တွင် မစ်ဒယ်ဝိတ်တန်းပွဲစဉ်များကို သာ ဦးစားပေး ထိုးသတ်သွားမည်ဖြစ် ကြောင်း One Championship နှင့် တွေ့ဆုံမှုတွင် အတည်ပြုပြော ကြားသည်။

    

အောင်လအန်ဆန်သည် ကစား သမားဘဝတစ်လျှောက် မစ်ဒယ် ၀ိတ်တန်းတွင်သာ ထိုးသတ်ခဲ့သော် လည်း One Championship ၏ လိုက်ဟဲဗီးဝိတ်တန်းတွင် ချန်ပီယံ မရှိသဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် တက်ရောက်ထိုးသတ်ရာမှ လိုက် ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံအဖြစ် သုံးနှစ်ကျော်ကြာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲတွင် မာချာဒိုကို အနိုင်ယူကာ ချန်ပီယံဖြစ်လာပြီး ၂၀၁၉ အောက် တိုဘာတွင် ပထမဆုံး ချန်ပီယံကာ ကွယ်ပွဲအဖြစ် ဘရန်ဒန်ဗီရာနှင့် ထိုး သတ်ရာ အနိုင်ရရှိခဲ့သည်။ ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲကို ဧပြီ ၂၉ ရက်က ထိုးသတ်ခဲ့ရာ ဒီရစ်ဒါကို အရေးနိမ့်သဖြင့် ချန်ပီယံခါးပတ် လွှဲ ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။

    

''ကျွန်တော့်အတွက် လိုက်ဟဲ ဗီးဝိတ်တန်းပွဲတွေက ပြီးဆုံးသွားပါ ပြီ။ မစ်ဒယ်ဝိတ်တန်းပွဲတွေပဲ ထိုး သတ်သွားတော့မှာပါ။ မစ်ဒယ်ဝိတ် တန်းမှာ အကောင်းဆုံး ထိုးသတ်နိုင် ဖို့ ကျွန်တော့်အနေနဲ့ ပြန်ပြီးပြင်ဆင် ရဦးမှာပါ။ မစ်ဒယ်ဝိတ်တန်းက ကျွန် တော့်အတွက် အသင့်တော်ဆုံးလို့ ထင်ပါတယ်'' ဟု အောင်လအန်ဆန် က ပြောကြားသည်။

    

ထို့ကြောင့် One Championship အနေဖြင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဒီရစ်ဒါနှင့် ထိုးသတ်ရ ဖွယ်ရှိသည့် ကစားသမားစာရင်း ထုတ်ပြန်ရာတွင် အောင်လအန်ဆန် ပါဝင်လာခြင်းမရှိတော့ဘဲ အခြား ကစားသမား (၃)ဦးကိုသာ ဦးစားပေး ဖော်ပြထားသည်။ အောင်လအန် ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ် ကို အနိုင်ရကာ ONE မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံဆုရယူနိုင်ခဲ့ပြီး ချန်ပီယံကာကွယ်ပွဲ (၄)ပွဲ ထိုးသတ် ခဲ့သည်။ အောင်လအန်ဆန်သည် ပထမ (၃)ပွဲအဖြစ် ဂျပန်နိုင်ငံသား ဟဆဲဂါ၀ါနှင့်နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံ သား ကရာကီနှင့်တစ်ပွဲ ထိုးသတ်ရာ ဒိုင်ပွဲရပ်များဖြင့် အနိုင်ရခဲ့ပြီး ၂၀၂၀ အောက်တိုဘာတွင် ထိုးသတ်သည့် စတုတ္ထမြောက် ချန်ပီယံကာကွယ်ပွဲ၌ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို ပထမအချီမှာပင် အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

    

မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲ ဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း အောင်လအန်ဆန်သည် နောက်ပိုင်း တွင် မစ်ဒယ်ဝိတ်တန်းသာ ထိုးသတ် မည်ဖြစ်ကြောင်း အတည်ပြုခဲ့သော ကြောင့် ကမ္ဘာ့ချန်ပီယံဆုကို ပြန် လည်စိန်ခေါ်နိုင်ရန် စိန်ခေါ်ပွဲများ စတင်ထိုးသတ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီ ယံဟောင်း ဗစ်တာလီဘစ်ဒက်ရှ်၊ လီအန်ဒရို စသည့်ကစားသမားများ နှင့် စတင်ထိုးသတ်ရဖွယ်ရှိပြီး အနိုင် ရမှသာ ဒီရစ်ဒါကို စိန်ခေါ်ခွင့်ရဖွယ် ရှိနေသည်။

    

မေ (၂၁) ရက်တွင် အသက် (၃၆) နှစ်ပြည့်တော့မည့် အောင်လအန် ဆန်အနေဖြင့် အသက်အရွယ်အရ ၀ိတ်တန်းတစ်ခုကိုသာ ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ဖွယ်ရှိပြီး နှစ် အနည်းငယ်သာ ဆက်လက်ထိုးသတ် ဖွယ်ရှိနေသည်။ အောင်လအန်ဆန် သည် MMA ကစားသမားဘဝ (၃၈) ပွဲ ထိုးသတ်ရာတွင် (၂၆) ပွဲနိုင်၊ (၁၂) ပွဲ ရှုံးနိမ့်ထားသည်။

 

Most Read

Most Recent