လွိုင်ကော် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် နှစ်ဦး နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးတို့အား ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို

လွိုင်ကော် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် နှစ်ဦး နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးတို့အား ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို
လွိုင်ကော်မြို့ ကွန်ပျူတာတက္ကသိုလ်အား တွေ့ရစဉ်
လွိုင်ကော်မြို့ ကွန်ပျူတာတက္ကသိုလ်အား တွေ့ရစဉ်
Published 12 March 2021

လွိုင်ကော် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် နှစ်ဦး နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးတို့အား ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားကြောင်း  သိရသည်။

လွိုင်ကော် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ​​​ဒေါက်တာဇော်ဝင်းအောင် ၊ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြင့်အေးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအုပ်ကြီး ဒေါက်တာဇော်လင်းထွန်းတို့အား တက္ကသိုလ်ကျောင်းဝန်းများအတွင်း မတ် ၇ ရက်မှစ ကျောင်းများတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ လာရောက် ခေတ္တစခန်းချမည်ကို လူထုထောင်ချီ လာရောက်ဝန်းရံမှု ဖြစ်ခဲ့ပြီးနောက် ထိုကဲ့သို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"မတ် ၁၀ ရက်က ဆရာကြီးတို့ကို ၂ နာရီခွဲ စည်းဝေးရှိတယ်လို့ ခေါ်သွားတာ၊ ညထိ အိမ်ပြန်ရောက်မလာတော့ စုံစမ်းကြည့်မှ ဖမ်းထားတယ်လို့ သိရတယ် ၊ မတ် ၁၁ ရက်မှာ လွိုင်ကော်ထောင်ထဲ ရှိနေတယ် သိရတယ်၊ ဒီရက် မတ် ၁၂ ကျတော့ကာ ရှေ့နေ့တွေနဲ့ တိုင်ပင်ပြီး ဆရာကြီးတို့ကို အာမခံရအောင် ကြိုးစားပေးနေပါတယ် ၊ ဆရာကြီးတို့က အသက်လည်းကြီး ရောဂါတွေလည်း စုံနေကောလေ ၊ ကျောင်းတွေထဲ စခန်းချမှာကို အရပ်သားတွေက လာဝန်းရံတာကို အားပေးအားမြောက် သဘောမျိုးဖြစ်လို့ တရားစွဲတယ်လို့ သိရတယ် " ဟု နီးစပ်သည့် အသိုင်းအဝိုင်းမှ ဆရာတစ်ဦးက ပြောဆိုသည်။

ထိုသို့ တရားစွဲဆို ဖမ်းဆီးထားမှုအား နည်းပညာဆိုင်ရာဆရာများအဖွဲ့ချုပ် (TTF) မှ ကန့်ကွက်ကြောင်းနှင့် ပြည်သူလူထုများမှ ဝန်းရံကူညီပေးကြပါရန် မေတ္တာရပ်ခံစာ ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

Most Read

Most Recent