အက်သလက်တီကိုအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့့ကာလတွင် နာပိုလီတိုက်စစ်မှူး လိုဇာနိုကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။
အက်သလက်တီကိုအသင်းသည် ၂၀၂၀ ဒီဇင်ဘာတွင် အသင်းနှင့်လမ်းခွဲခဲ့သည့် စပိန်လက်ရွေးစင်တိုက်စစ်မှူး ဒီယေဂိုကော်စတာ၏နေရာ အစားထိုးရန် အလိုရှိနေပြီး လိုဇာနိုမှာ ၎င်းတို့ခေါ်ယူလိုသည့် ကစားသမားစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။
လိုဇာနိုသည် ၂၀၁၉ နွေရာသီတွင် PSV အသင်းမှ နာပိုလီအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ (၃၂)ပွဲတွင် (၁၃)ဂိုး သွင်းယူထားသည်။
မက္ကဆီကိုတိုက်စစ်မှူး လိုဇာနို(၂၅ နှစ်)သည် နာပိုလီအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိ်နေသူဖြစ်သည်။
သို့သော် နာပိုလီအသင်းအနေဖြင့် လိုဇာနိုကို ယူရိုသန်း (၄၀)ရပါက ရောင်းချဖွယ်ရှိနေကြောင်း Mundo Deportivo က ဖော်ပြခဲ့သည်။















