ဘာစီလိုနာအသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို နေမာ လွဲချော်မည်

ဘာစီလိုနာအသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို နေမာ လွဲချော်မည်
Photo: Sky Sports
Photo: Sky Sports
Published 9 March 2021

PSG တိုက်စစ်မှူး နေမာသည် ဘာစီလိုနာအသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ဖေဖော်ဝါရီ (၁၀)ရက်က ကစားခဲ့သည့် ပြင်သစ်လိဂ်ဖလားပွဲစဉ် ကိန်း (၀-၁) PSG ပွဲတွင် ပေါင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ 

ယင်းကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရသည့် နေမာအနေဖြင့် ယခုအခါ အပေါ့စားလေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နေပြီဖြစ်သော်လည်း မတ်လ (၁၀)ရက် ကစားမည့် ဘာစီလိုနာနှင့်ပွဲတွင် ပါဝင်နိုင်ဦးမည်မဟုတ်ကြောင်း PSG အသင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

PSG အသင်း၏ ထုတ်ပြန်ချက်တွင် "နေမာအနေဖြင့် အသင်းနှင့်အတူ လေ့ကျင့်မှုအချို့ကို ပြုလုပ်နိုင်ပြီဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာရန် ကြိုးစားနေဆဲဖြစ်ကြောင်းနှင့် နေမာ၏ ဒဏ်ရာအခြေအနေကို လာမည့်နေ့များတွင် ထပ်မံစမ်းသပ် စစ်ဆေးရဦးမည်ဖြစ်ကြောင်း"ပါရှိသည်။ 

PSG အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် ဘာစီလိုနာအသင်းကို အဝေးကွင်း၌ (၄-၁)ဂိုးဖြင့် အနိုင်ရထားသဖြင့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ရန် အခြေအနေကောင်းနေသည်။ 

မတ်လ (၁၀)ရက်တွင် ကစားမည့် ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို နေမာအပြင် COVID-19 ကူးစက်ခံထားရသည့် မွိုက်စ်ကိန်းမှာလည်း လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent