ချယ်လ်ဆီးအသင်း၏ အင်္ဂလန်လူငယ်ကြယ်ပွင့်နောက်ခံလူ ရီးစ်ဂျိမ်းစ်က သူသည် လက်ရှိအသင်းနည်းပြ သောမတ်စ်တူဟယ်လ်၏ အလှည့်ကျ ပေါ်လစီအပေါ် စောဒကတက်ရန်မရှိကြောင်းနှင့် ကျေနပ်မှုအပြည့်ရှိနေသည်ဟု ပြောကြားသွားခဲ့သည်။
လီဗာပူးလ်အသင်း၏ ဂန္ထဝင်တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက လီဗာပူးလ်အသင်းအနေဖြင့် ဆာလာသာ အသင်းတွင်မပျော်ရွှင်ပါက ၎င်းကို ရောင်းထုတ်ပြီး ငွေရှာကာ အခြားအစားထိုးမှုများကို ပြန်လည်ပြုလုပ်သင့်သည်ဟု ပြောကြားခဲ့သည်။
စကော့တလန်ကလပ် ရိန်းဂျားစ်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဒေ့ဗ်ကင်းက အသင်းနည်းပြ စတီဗင်ဂျရတ်အနေဖြင့် တစ်ချိန်ချိန်တွင် အသင်းမှ ထွက်ခွာသွားမည်ဖြစ်သော်လည်း လာမည့်နှစ်တွင် အသင်းမှထွက်ခွာရန် အခွင့်အရေးလုံးဝမရှိကြောင်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် နည်းပြသစ် သောမတ်စ်တူဟယ်လ်လက်ထက်တွင် ခြေစွမ်းပြကစားနေသည့် အသင်း၏ ဒိန်းမတ်လက်ရွေးစင်နောက်ခံလူ ခရစ္စတီယန်ဆန် (၂၄)နှစ်အား သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေပြီဖြစ်ကြောင်း သိရှိရသည်။
အေစီမီလန်အသင်း၏ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် လက်ရွေးစင်အသင်းက အနားယူရန် ဆုံးဖြတ်ထားသည်ကို ပြန်ပြင်ကာ ဆွီဒင်အသင်းအတွက် ပြန်လည်ကစားရန် စီစဉ်နေကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်း၏ ဂန္ထဝင်ကွင်းလယ်လူ ဇာဗီသည် နည်းပြဘ၀ ပထမဆုံးအောင်မြင်မှုအဖြစ် အယ်လ်ဆတ်ဒ်အသင်းကို ကာတာအမှတ်ပေးချန်ပီယံဖလား ရယူပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီဖလစ်ခ်က ဒေါ့မွန်အသင်း၏ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းအားခေါ်ယူရန် ကြိုးပမ်းမှုမှာအလွန်ဖြစ်နိုင်ခြေရှိသည့် အပြောင်းအရွှေ့ဟု ပြောကြားခဲ့သည်။















