ဂျရတ်၏ နည်းပြဘဝ ပထမဆုံးအောင်မြင်မှုအဖြစ် ဆဲလ်တစ်၏ (၁၀)နှစ်တာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး ရိန်းဂျားစ်အသင်း ချန်ပီယံဆု ဆွတ်ခူး

ဂျရတ်၏ နည်းပြဘဝ ပထမဆုံးအောင်မြင်မှုအဖြစ် ဆဲလ်တစ်၏ (၁၀)နှစ်တာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး ရိန်းဂျားစ်အသင်း ချန်ပီယံဆု ဆွတ်ခူး
Photo: Sky Sports
Photo: Sky Sports
Published 8 March 2021

အင်္ဂလန်ဂန္ထဝင်ကွင်းလယ်လူဟောင်း ဂျရတ်သည် နည်းပြဘဝ၏ ပထမဆုံးအောင်မြင်မှုအဖြစ် ဆဲလ်တစ်အသင်း၏ လွှမ်းမိုးမှုကိုအဆုံးသတ်ပြီး ရိန်းဂျားစ်အသင်းကို ချန်ပီယံဆု ဆွတ်ခူးအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ဆဲလ်တစ်အသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒန်ဒီးယူနိုက်တက်နှင့် ကစားခဲ့သည့်ပွဲစဉ်တွင် နိုင်ပွဲရရှိအောင် မကစားနိုင်ခဲ့သည့်အတွက် ရိန်းဂျားစ်အသင်းသည် ချန်ပီယံဖြစ်ရန် သေချာသွားခဲ့ခြင်းဖြစ်ပြီး (၂၀၁၈) ခုနှစ်က ရိန်းဂျားစ်နှင့်အတူ နည်းပြလောကထဲ စတင်ဝင်ရောက်ခဲ့သည့် ဂျရတ်အတွက် ပထမဆုံးဆုဖလားလည်းဖြစ်လာခဲ့သည်။

ဆဲလ်တစ်အသင်းသည် ယခုရာသီအောင်မြင်မှုနှင့် လွဲချော်ခဲ့သည့်အတွက် စကော့တလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတွင် (၁၀)နှစ်ဆက်အောင်မြင်မှုကို ပထမဆုံးရယူနိုင်မည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ကြောင်းလည်း သိရှိရသည်။

ရိန်းဂျားစ်အသင်းသည် စနေနေ့က ပွဲစဉ်တွင် စိန့်မာရင်အသင်းကို (၃-၀)ဖြင့်အနိုင်ရပြီးနောက် ဆဲလ်တစ်အသင်း၏ ရလဒ်ကိုစောင့်နေခဲ့ပြီး ဆဲလ်တစ်သရေကျပြီးနောက် ရာသီမကုန်မီ (၆)ပွဲအလိုတွင် ချန်ပီယံဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

''သင့်တော်တဲ့ စကားလုံးကို ရှာဖွေရတာ အရမ်းခက်ခဲပါတယ်။ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဒါဟာ ကျွန်တော် သွားမယ့်ခရီးတွေရဲ့အစပဲရှိပါသေးတယ်'' ဟု ဂျရတ်က ဆိုခဲ့သည်။ 

Most Read

Most Recent