ကန့်သတ်ခံထားရပြီးဖြစ်သော ဟောင်ကောင်၏ဒီမိုကရေစီစနစ်အတွက် ကြီးမားသောရိုက်ခတ်မှုကြီးဟု ယူဆရမည့် အဆိုမူကြမ်းတစ်ရပ်ကို မတ် ၅ ရက်က ပေကျင်း၌ ကျင်းပသော အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေးတွင် တရုတ် ထိပ်တန်း ဥပဒေပြုလွှတ်တော်အမတ်တစ်ဦး က တင်သွင်းခဲ့သည်။
ထိုအဆိုပြုချက်မူကြမ်းအရ တရုတ် သည် ဟောင်ကောင်ဥပဒေပြုလွှတ်တော်အ မတ်နေရာအတွက် ယှဉ်ပြိုင်သော မည်သည့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းကို မဆို ဗီတိုအာဏာသုံး၍ ပယ်ချနိုင်သည့် အ ခွင့်အာဏာကို ၎င်းလက်ဝယ်သို့ ကိုယ်တိုင် ပေးအပ်သွားလိမ့်မည်ဖြစ်သည်။
တရုတ်အစိုးရထိန်းချုပ်ထားသော ဟောင်ကောင်ရွေးကောက်ပွဲကော်မရှင် သည် ဥပဒေပြုကောင်စီအဖွဲ့ဝင်များကို ရွေးကောက်တင်မြှောက်ခြင်း နှင့် ဥပဒေပြု ကောင်စီအဖွဲ့ဝင်အားလုံးကို ခန့်အပ်တာဝန် ပေးခြင်းလုပ်ငန်းတို့တွင် တိုက်ရိုက်ပါဝင် ဆောင်ရွက်ရလိမ့်မည်ဖြစ်ကြောင်း တရုတ် ဥပဒေပြုကော်မတီဖြစ်သော National People’s Congress Standing Committee ၏ဒုတိယဥက္ကဋ္ဌ ဝမ်ချန်က ပေကျင်းတွင် ပြောကြားခဲ့သည်။
အဖွဲ့ဝင် ၁,၂၀၀ ပါဝင်သော ဟောင် ကောင်ရွေးကောက်ပွဲကော်မတီတွင် တရုတ် အစိုးရသစ္စာခံသောအဖွဲ့အဝင်အများအ ပြားရှိနေပြီး ဟောင်ကောင်အုပ်ချုပ်ရေးမှူး နေရာတွင် ခန့်အပ်တာဝန်ပေးမည့်သူကို လည်း ထိုရွေးကောက်ပွဲကော်မတီက ရွေး ချယ်ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်၌ ဒီမို ကရေစီလိုလားသောဆန္ဒပြမှုများ ဖြစ်ပွားခဲ့ ပြီးနောက် တရုတ်အစိုးရက ဟောင်ကောင်၌ ၎င်းနှင့်သဘောထားကွဲလွဲဆန့်ကျင်သူများ ကို ဖိနှိပ်ဖြိုခွင်းခဲ့သည်။
ယင်းကဲ့သို့ဖိနှိပ်၊ ဖယ်ရှားရန်အတွက် အစီအစဉ်ချထားသည့်တင်းကျပ်သော အမျိုး သားလုံခြုံရေးဥပဒေကို တရုတ်လွှတ်တော် ကိုယ်စားလှယ်များက ပြီးခဲ့သည့်နှစ် NPC အစည်းအဝေးအတွင်း အတည်ပြု ထောက်ခံ ခဲ့ချိန်တွင်ဟောင်ကောင်၏အရေးကိစ္စသည် သတင်းခေါင်းစီးဖြစ်လာခဲ့ သည်။
ဒီမိုကရေစီအခွင့်အရေးများ ပိုမိုရရှိ ရေးအတွက် ဟောင်ကောင်ပြည်သူများ၏ တောင်းဆိုချက်က ဆန္ဒပြမှုများကို အားမွေး ပေးနေပြီး တရုတ်အစိုးရနှင့်ပတ်သက်၍ မကျေမချမ်းဖြစ်မှုဆီသို့ ဦးတည်စေခဲ့သည်။
သို့သော် တရုတ်အစိုးရသည် ဟောင် ကောင်၌ ကျင်းပသော ဒေသန္တရရွေးကောက် ပွဲများတွင် အတိုက်အခံအနည်းငယ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးထားသည့် ရွှေရည် စိမ်အခွင့်အရေးတစ်ရပ်ကို ဆက်လက်ထိန်း သိမ်းပေးထားသည်။
မကြာသေးမီနှစ်များအတွင်း တရုတ် အစိုးရသစ္စာခံ ဟောင်ကောင်အာဏာပိုင် များသည် ဟောင်ကောင်ဥပဒေပြုလွှတ် တော်မှ အတိုက်အခံနိုင်ငံရေးသမားနှင့် လွှတ်တော်ကိုယ်စားလှယ်များကို လွှတ် တော်အမတ်ရာထူး၌ တာဝန်ထမ်းဆောင် ရန် အရည်အချင်းမရှိဟု သတ်မှတ်၍ ထုတ် ပယ်ခြင်းများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြ သည်။
လက်ရှိတွင် ဟောင်ကောင်ဥပဒေပြု ကောင်စီအဖွဲ့ဝင် ၇၀ ၏ အရေအတွက် ထက်ဝက်ကို ပထဝီဝင်အနေအထားအရ သတ်မှတ်ထားသော မဲဆန္ဒနယ်များမှ တစ် ဆင့် တိုက်ရိုက ်ရွေးချယ်ခန့်အပ်ထားခြင်းဖြစ် ကာ ကျန်ကောင်စီအဖွဲ့ဝင်ထက်ဝက်ကိုမူ စက်မှုလုပ်ငန်းရှင်များ၊ သမဂ္ဂများနှင့် အတတ်ပညာရှင်များကို ကိုယ်စားပြုသော အဖွဲ့များမှတစ်ဆင့် သွယ်ဝိုက်ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။














