ဖေဖော်ဝါရီ ၂၈ ရက်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ဝန်ကြီးချုပ်၏ နေအိမ်ခြံဝန်းကို လုံခြုံရေးယူထားသော စစ်တန်းလျား အပြင်ဘက်တွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ရော်ဘာကျည် များဖြင့်ပစ်ခတ်ကာ ရေအမြောက်နှင့် မျက်ရည်ယိုဗုံးတို့ကို အသုံးပြု၍ လူစုခွဲခဲ့သည်။
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်းရိုက်ခတ်မှုပြီးနောက် မကြာသေးမီလများတွင်ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ၏အစိုးရ နှုတ်ထွက်ရေးကို တောင်းဆိုသည့် လူငယ်များဦးဆောင်သော ဆန္ဒပြလှုပ် ရှားမှုများ အရှိန်လျော့ကျခဲ့သည်။
သို့သော် တော်ဝင် အသရေဖျက်မှု စွဲ ချက်များဖြင့် အထင်ကရ ဆန္ဒပြခေါင်းဆောင်လေးဦး မကြာသေးမီက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသောကြောင့် ဆန္ဒပြမှုများ တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့သည်။
၎င်းတို့လေးဦးသည် တော်ဝင်အသရေဖျက်မှု စွဲချက်များဖြင့် ရင်ဆိုင်နေရသူ ၅၈ ဦး တွင် အပါအဝင်ဖြစ်ပြီး ယင်းစွဲချက်အတွက် ပြစ်မှုထင်ရှားစီရင်ခံရမည်ဆိုလျှင်စွဲချက် တစ်ခုချင်းစီအတွက် ထောင်ဒဏ် ၁၅ နှစ်အ ထိချမှတ်ခံရနိုင်ခြေရှိသည်။
ပျမ်းမျှ ဆန္ဒပြသူ ၂,၀၀၀ ခန့်သည် ဘန်ကောက်မြို့တော်ရှိ အောင်မြင်မှု ကျောက်တိုင် လမ်းဆုံမှနေ၍ပရာရွတ်နေထိုင်သည့် စစ်ဘက်တန်းလျား အနီးထိ ချီတက်ဆန္ဒပြ ခဲ့ကြသည်။
ယင်းဆန္ဒပြသူများအနက် ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် အရပ်ဘက် ထိပ်သီးခေါင်းဆောင်များကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့မှုကို ဆန့်ကျင်ဆန္ဒပြနေသည့် အိမ်နီးချင်းမြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ လည်း ပါဝင်ခဲ့သည်။
အချို့ထိုင်းဆန္ဒပြသူများသည် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်များကို ဆောင်း၍ အနီရောင်အလံများကိုင်ဆောင်၍ချီ တက်ခဲ့ကြသည်။
ရာနှင့်ချီသည့် ဆန္ဒပြသူများသည် သင်္ဘောကွန်တိန်များနှင့် သံဆူးကြိုးခွေအကာအရံများကို တွန်းဖယ်၍ စစ်တန်းလျား ဝင်ပေါက်တွင် စောင့်နေသော အဓိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့နှင့်ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ကြသည်။အချို့ဆန္ဒပြသူများက ရဲကား များကိုတွန်းဖယ်နေကြစဉ်အခြားဆန္ဒပြသူ များနှင့်ရဲတပ်ဖွဲ့ကြားပဋိပက္ခ ဖြစ်ပွားခဲ့ကြ သည်။
“သူတို့တွေ(ရဲတပ်ဖွဲ့)က ဒိုင်းကာတွေ၊နံပါတ်တုတ်တွေ၊ ဓာတုပစ္စည်းအချို့ပါဝင်တဲ့ ရေတွေနဲ့ ရာဘာကျည်တွေအပြင် အားလုံး ကို ပြင်ဆင်ထားပါတယ်” ဟု ရှေ့တန်းမှဆန္ဒ ပြသူတစ်ဦးက ဆိုသည်။
တင်းမာမှုအခြေအနေမှာ လိပ်ခဲတည်းလည်းဖြစ်နေစဉ် ရဲအရာရှိများက ရေအမြောက်ကားများကို အသုံးပြုခဲ့ကြသည့်အပြင် မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့ကြပြီးယင်းဖြစ် စဉ်သည် လူ့အသက်သေဆုံးသည်အထိ မဖြစ် စေနိုင်သော်လည်း လပေါင်းများစွာအတွင်း ဘန်ကောက်မြို့ဆန္ဒပြမှု၌ ပထမဆုံးအင်အား သုံးလူစုခွဲမှု ဖြစ်ခဲ့သည်။
အချို့ဆန္ဒပြသူများမှာ မိုးကာအကျႌများ ဝတ်ဆင်ထားကြပြီး အများစုမှာမူ သူတို့၏ လက်များကို လေပေါ်မြှောက်၍ မတရားဖိ နှိပ်မှုကို တော်လှန်သည့် သင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်၍ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူနှစ်ဦးထက်မနည်းဖမ်းဆီးခံခဲ့ရသည်ဟု Facebook Live တစ်ခုတွင်ပြော ကြားခဲ့သော်လည်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ ဦးရေကိုအတည်မပြုခဲ့ပေ။














