ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုအစီ အစဉ်စတင်ခဲ့ပြီး ကာကွယ်ဆေးဦးစားပေး ထိုးနှံပေးမည့်စာရင်းတွင်ပါဝင်သော ဝန်ကြီးများ၊ ကျန်းမာရေးအရာရှိများနှင့်ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်သူများကို ကာကွယ်ဆေး ထိုးနှံပေးနေသည်။
ကျန်းမာရေးဝန်ကြီးဖြစ်သည့်အပြင် ဒုဝန်ကြီးချုပ်တစ်ဦးလည်းဖြစ်သည့် အနူတင် ချန်ဗီ ရာကူလ်နှင့် ကျန်းမာရေးဝန်ထမ်းများကို ဘန်ကောက်မြို့ပြင်ဘက်ရှိကူးစက်ရောဂါဌာနတွင်တရုတ်ဆေးကုမ္ပဏီ Sinovac Biotech ၏ ဗိုင်းရပ်စ်ကာကွယ်ဆေးပထမ တစ်လုံး ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံခြင်းသည် လူအများအား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်ပျံ့ နှံ့မှုမှ ဘေးကင်းလုံခြုံနိုင်ပြီး ထိုင်းနိုင်ငံကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိ သွားနိုင်ရန် မျှော်လင့်ကြောင်း အနူတင်က ကာကွယ်ဆေးထိုးနှံခဲ့ပြီးနောက် သတင်း ထောက်များကို ပြောကြားခဲ့သည်။
ယင်းကာကွယ်ဆေးထိုးနှံသည့်အခမ်းအနားကို ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာလည်း တက်ရောက်ခဲ့ပြီး Sinovac ၏ Corona Vac ကာကွယ်ဆေးသည် အသက် ၁၈နှစ်မှ ၅၉ နှစ်ကြားအရွယ်များကိုသာ ထိုးနှံပေးရန်သင့် လျော်သည့်အတွက် ပရာရွတ်သည် ကာကွယ် ဆေးထိုးနှံခဲ့ခြင်းမရှိပေ။
ထိုင်းနိုင်ငံသည် ယခုသီတင်းပတ်အတွင်းတရုတ်နိုင်ငံမှ Sinovac ကာကွယ်ဆေး အလုံးရေ ၂၀၀,၀၀၀ ရရှိခဲ့ပြီး ဗြိတိန်ဆေးကုမ္ပဏီ Astra Zeneca နှင့် တွဲဖက် အောက်စ် ဖိုဒ့်တက္ကသိုလ်တို့မှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ဆေးအလုံးရေ ၁၁၇,၀၀၀ ရရှိခဲ့သည်။
Corona Vac ကာကွယ်ဆေးကို ဗိုင်းရပ်စ် ကူးစက်နိုင်ခြေမြင့်သည့် ပြည်နယ် ၁၃ ခု၌ ဖြန့်ချိခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်၌ ယင်း ပြည်နယ်များရှိ ရှေ့တန်းမှ ကျန်းမာရေးဝန် ထမ်းများနှင့် ပရဟိတသမားများအား ကာ ကွယ်ဆေးစတင်ထိုးနှံပေးနေသည်ဟုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Astra Zeneca ၏ ကာကွယ်ဆေးကိုမူ အရည်အသွေးထိန်းချုပ်မှု စစ်ဆေးချက်များ လုပ်ဆောင်ခဲ့ပြီးနောက် မတ်လဒုတိယသီ တင်းပတ်တွင် အသုံးပြုရန်အဆင်သင့်ပြင် ဆင်သွားလိမ့်မည်ဟု ကုမ္ပဏီကထုတ်ပြန်ခဲ့ သည်။
ထိုင်းနိုင်ငံသည် မတ်လနှင့် ဧပြီလတွင် နောက်ထပ် Corona Vac ကာကွယ်ဆေးအ လုံးရေ ၁.၈ သန်းရရှိလိမ့်မည်ဟု မျှော်မှန်း ထားသည်။
ခရီးသွားလာမှုကဏ္ဍမှ ရရှိသည့်ဝင်ငွေ များကို စီးပွားရေးတွင် မှီခိုအားထားနေရသည့် ထိုင်းနိုင်ငံသည်တစ်လအတွင်း ကာကွယ် ဆေးအလုံးရေ ၁၀ သန်းအသုံးပြုထိုးနှံမည့် အစီအစဉ်ကြီးကို ဇွန်လတွင် စတင်ရန် နှင့်ယ ခုနှစ်ကုန်ပိုင်းတွင် လူဦးရေ၏ ထက်ဝက်ထက် မနည်း ကာကွယ်ဆေးထိုးနှံပြီးစီးနိုင်ရန် စီစဉ် ထားသည်။
ယခုနှစ်ကုန်ပိုင်းအတွင်း ပြည်တွင်းကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ Siam Bio Science က ဒေသအတွက် Astra Zeneca ၏ ကာကွယ်ဆေးအလုံးရေ သန်း ၂၀၀ ဖြန့် ချိသွားမည်ဖြစ်ပြီး ၎င်းတို့ထဲမှ ကာကွယ်ဆေး အလုံးရေ ၂၆ သန်းကို ထိုင်းနိုင်ငံအတွက် လျာထားသည်ဟု ထုတ်ပြန်ခဲ့သည်။
ထိုင်းအရာရှိများကမူ ယင်းကုမ္ပဏီမှ Astra Zeneca ၏ ကာကွယ်ဆေးနောက်ထပ် ပမာဏ အများအပြား ထပ်မံရရှိမည်ဖြစ်ပြီး စုစုပေါင်းအလုံးရေ ၆၁ သန်းရရှိမည်ဟုပြော ကြားခဲ့သည်။
ဝေဖန်သူများနှင့် အတိုက်အခံပါတီများက အစိုးရ၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အား နှေးကွေးပြီး အားနည်းချက်များရှိသည်ဟု ဝေဖန်ခဲ့ကြသည်။ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၅,၉၅၁ ရှိပြီးဗိုင်းရပ်စ် ကြောင့်သေဆုံးသူ ၈၃ ဦးရှိသည်ဟုတရားဝင် ထုတ်ပြန်ခဲ့သည်။














