ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ခြောက်ခု၏ ရှယ်ယာ အရောင်းအဝယ်ပမာဏ ပြန်လည် ကျဆင်းလာပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကျပ်သန်း ၆၄၀ ကျော် အရောင်းအဝယ် ဖြစ်ပေါ်

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ခြောက်ခု၏ ရှယ်ယာ အရောင်းအဝယ်ပမာဏ ပြန်လည် ကျဆင်းလာပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကျပ်သန်း ၆၄၀ ကျော် အရောင်းအဝယ် ဖြစ်ပေါ်
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ အရောင်းအဝယ်၊ စျေးနှုန်း အပြောင်းအလဲများအား စောင့်ကြည့်နေသူအချို့ကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ အရောင်းအဝယ်၊ စျေးနှုန်း အပြောင်းအလဲများအား စောင့်ကြည့်နေသူအချို့ကို တွေ့ရစဉ်
Published 9 February 2021
စည်သူအောင်

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ခြောက်ခု၏  ရှယ်ယာ အရောင်းအဝယ်ပမာဏ ပြန်လည် ကျဆင်းလာခဲ့ပြီး  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကျပ်သန်း ၆၄၀ ကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာလ ရှယ်ယာ အရောင်းအဝယ်ပမာဏထက်  ကျပ် ၅၀၆ သန်းကျော် ကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၂၅ ဘီလျံကျော်ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ကျပ်သန်း ၇၂၀ ကျော် အရောင်းအဝယ် မြင့်တက်ခဲ့သည်။

ထို့အတူ ဖေဖော်ဝါရီတွင်လည်း ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၄၈ ဘီလျံကျော်ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ကျပ် တစ်ဘီလျံကျော် အရောင်းအဝယ် မြင့်တက်မှု ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ မတ်လတွင် ကျပ် ၁ ဒသမ  ၄၂ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျပ် ၃၉၆ သန်းကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့သည့်  ၂၀၁၉ ခုနှစ် မတ်လထက် ကျပ် တစ်ဘီလျံကျော် အရောင်းအဝယ်ဖြစ်မှု မြင့်တက်ခဲ့သည်။ ထိုသို့ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျပ် ၁ ဒသမ  ၄၂ ဘီလျံကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ဧပြီတွင် ကျပ် သန်း ၉၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့သည်။

ထို့နောက် မေလတွင် ရန်ကုန်စတော့အိတ်ချိန်း၌ ခြောက်ခုမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာခဲ့သည့် EFR ကုမ္ပဏီ၏ အစု ရှယ်ယာများကို မေ ၂၈ ရက်တွင် စတင် ရောင်းချရာ စာရင်းဝင်ကုမ္ပဏီ ခြောက်ခု ဖြစ်လာသကဲ့သို့ အရောင်းအဝယ်ဖြစ်မှု၌လည်း ကျပ် ၁ ဒသမ ၂ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဇွန်တစ်လလုံးအတွက် EFR ကုမ္ပဏီ၏ အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ခဲ့သော်လည်း ထူးခြားသိသာသော အရောင်းအဝယ်မြင့်တက်မှုမရှိခဲ့ဘဲ ကျပ် ၁ ဒသမ ၃ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ဇူလိုင်တွင်လည်း အရောင်းအဝယ်ပမာဏ ကျပ် ၁ ဒသမ ၀၆ ဘီလျံသာရှိခဲ့ပြီး ဇွန်လအရောင်းအဝယ်ပမာ ဏထက် လျော့နည်းခဲ့ခြင်းဖြစ်သည်။ သြဂုတ် လတွင် ဇူလိုင်လ ရှယ်ယာအရောင်းအဝယ် ပမာဏထက် သိသာစွာဆက်လက်ကျဆင်း ခဲ့ပြီး အရောင်းအဝယ်ပမာဏ ကျပ် ၇၄၇ ဒသမ ၅၄ သန်းသာရှိခဲ့ရာ ဇူလိုင်လအရောင်း အဝယ်ထက် ကျပ်သန်း ၃၀၀ ကျော်လျော့ နည်းခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာတွင်လည်း ရှယ်ယာအရောင်းအဝယ်ပမာဏ ကျပ် ၈၃၈ သန်းကျော်ရှိခဲ့ပြီး သြဂုတ်လထက် ကျပ် ၉၁ သန်းကျော်ပိုများခဲ့သည်။ အောက်တိုဘာလတွင် ရှယ်ယာ အရောင်းအဝယ်ပမာဏ ကျပ် ၆၇၃ သန်းကျော်သာရှိခဲ့ပြီး စက်တင်ဘာလ အရောင်းအဝယ်ပမာဏထက် ကျပ် ၁၆၅ သန်းကျော် လျော့နည်းခဲ့ခြင်း ဖြစ်သည်။ ထို့ အတူ နိုဝင်ဘာလတွင် အောက်တိုဘာလ အရောင်းအဝယ်ပမာဏထက် ကျပ်သန်း ၁၂၀ ကျော်လျော့နည်းခဲ့ပြီး ကျပ် ၅၅၂ သန်း ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဒီဇင်ဘာတွင် အရောင်းအဝယ်ပမာဏ ကျပ် ၁ ဒသမ ၁၄ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာလထက် ကျပ် ၅၉၄ သန်း ပိုမိုမြင့်တက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် အရောင်းအဝယ်ပမာဏ ကျပ်သန်း ၆၄၀ ကျော်သာ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လတွင် FMI ကုမ္ပဏီဖြင့် စတင်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းသည် လက်ရှိအချိန်တွင် စာရင်းဝင်ကုမ္ပဏီ ခြောက်ခုဖြင့် နေ့စဉ်အရောင်းအဝယ် ပြုလုပ်နေကာ FMI ကုမ္ပဏီသည် ရှယ်ယာ ၂၇၁ သိန်းကျော် မ,တည်ငွေ ကျပ် ၃၁၁၇၉၇ သန်း၊ MTSH ကုမ္ပဏီသည် စာရင်းဝင်ရှယ်ယာ ၃၈၉ သိန်းကျော် မçတည်ငွေ ကျပ် ၁၅၅၇၁၇ သန်း၊ MCB သည် အစုရှယ်ယာ ၁၀၄ သိန်း ကျော်နှင့် မçတည်ငွေ ကျပ် ၈၅၂၈၈ သန်း၊ FPB သည် အစုရှယ်ယာပေါင်း ၂၄ သိန်း ကျော် မçတည်ငွေ ကျပ် ၅၅၆၂၁ သန်းနှင့် TMH က အစုရှယ်ယာ ၁၂၈ သိန်းကျော်မှ  ကျပ် ၃၇၁၈၇ သန်းဖြင့် အရောင်းအဝယ် ပြုလုပ်နေပြီး ဆဋ္ဌမမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာသည့် EFR ကုမ္ပဏီသည် အစုရှယ် ယာပေါင်း ၁၉၉၇၇၂၂၃ စု ရှိပြီး မ,တည်ငွေ ရင်းနှီးငွေ ကျပ် ၁၃၆၃၈၅၉၉၀၀၀ ရှိသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ နှစ်အလိုက် အရောင်းအဝယ်ဖြစ်မှုများမှာ၂၀၁၆ ခုနှစ်အတွင်း ကျပ် ၇၀ ဒသမ ၇၄ ဘီလျံကျော်၊ ၂၀၁၇ ခုနှစ်အတွင်း  ကျပ် ၂၂  ဒသမ ၁၃ ဘီလျံကျော်၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၁ ဘီလျံ ကျော် ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၃ ဒသမ ၃၉ ဘီလျံကျော်၊ ၂၀၂၀ ပြည့်နှစ်တွင် ကျပ် ၁၂ ဒသမ ၆၁ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။   

Most Read

Most Recent