ရုပ်ရှင်၊ ဂီတ၊ စာပေ၊ သဘင်အနုပညာရှင်များက We Want Justice လက်သုံးချောင်းထောင်ပြီး လှုပ်ရှားမှုတွင်ပါဝင်

ရုပ်ရှင်၊ ဂီတ၊ စာပေ၊ သဘင်အနုပညာရှင်များက We Want Justice လက်သုံးချောင်းထောင်ပြီး လှုပ်ရှားမှုတွင်ပါဝင်
Published 6 February 2021

ရုပ်ရှင်၊ ဂီတ၊ စာပေ၊ သဘင်အနုပညာရှင်များမှ We Want Justice လက်သုံးချောင်းထောင်ကာ လှုပ်ရှားမှုတွင် ပါဝင်ဆန္ဒထုတ်ဖော်ထားကြသည်။ ယင်းလှုပ်ရှားမှုတွင် လူမှုကွန်ရက်စာမျက်နှာထက်တွင် ထုတ်ဖော်ခဲ့ ခြင်းဖြစ်ပြီး ပရိသတ်အားပေးမှုရရှိထားသည့် အနုပညာရှင်အများအပြားက အဆိုပါလှုပ်ရှားမှုတွင် ပါဝင်လာခြင်းဖြစ်သည်။ သရုပ်ဆောင်ဒေါင်း၊ ပိုင်တံခွန်၊ တေးသံရှင် လင်းလင်း၊ အလင်းရောင်၊ ရန်အောင်၊ အကယ်ဒမီ ပြေတီဦး၊ ခါရာ၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ဏကြီး၊ အကယ်ဒမီမင်းမော်ကွန်း၊ အကယ်ဒမီထွန်းထွန်း၊ အကယ်ဒမီကျော်ကျော်ဗိုလ်၊ တေးသံရှင်ရဲလေး၊ Rဇာနည်၊ ဖြိုးပြည့်စုံ၊ ဒါရိုက်တာထူးပိုင်ဇော်ဦး၊ တေးသံရှင်ရွှေထူး၊ အောင်ရဲထိုက်၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ ချစ်သုဝေ၊ အကယ်ဒမီပိုင်ဖြိုးသု၊ မေမြတ်နိုး၊ ရွှေမှုန်ရတီ၊ နန်းဆုဦး၊ မေတိုးခိုင်၊ နော်ဖောအယ်ထား၊ ယွန်းဝတီလွင်မိုး၊ မြတ်နိုးအေး၊ မေလသံစဉ်၊ နန်းစန္ဒာလှထွန်း၊ နှင်းသွေးယုအောင်၊ ထားထက်ထက်၊ Bella မြတ်သီရိလွင်၊ နေဝင်း၊ အိမ့်ချစ်ချော၊ X-Box၊ ဟာနာယူရီ၊ သင်ဇာဝင့်ကျော်၊ မေ၊ သူဇာဝင့်လွင်၊ ကျော်ကျော်၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦး၊ တေးသံရှင် ချမ်းချမ်း စသည့်အနုပညာရှင်အများအပြားက We Want Justiceလက်သုံးချောင်းထောင်ကာ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းမှုကိုဆန့်ကျင်သည့် လှုပ်ရှားမှုများကို အနုပညာရှင်များက လူမှုကွန်ရက်စာမျက်နှာထက်တွင် လှုပ်ရှားမှုများစွာ လုပ်ဆောင်လျက်ရှိရာတွင် တရားမျှတမှုကို လိုလားကြောင်းကို ထုတ်ဖော်သည့် We Want Justice အမှတ်သင်္ကေတဖြစ်သော လက်သုံးချောင်းထောင်သည့်လှုပ်ရှားမှုများကိုလည်း လူမှုကွန်ရက်စာမျက်နှာထက်တွင် လုပ်ဆောင်လာခြင်းဖြစ်သည်။ အနုပညာရှင်များနှင့်အတူ လူမှုကွန်ရက်အသုံးပြုသူအချို့သည်လည်း We Want Justice လက်သုံးချောင်းထောင်သည့် လှုပ်ရှားမှုများတွင် ပါဝင်လာကြောင်း သိရသည်။ အနုပညာရှင်များ၏ သီးခြားလှုပ်ရှားမှုများနှင့်အတူ အနုပညာအဖွဲ့အစည်းအချို့မှလည်း ကြေညာချက်များ ထုတ်ပြန်လာကြသည်။

အနုပညာရှင်များသည် လတ်တလောတွင် အနုပညာလုပ်ငန်းများ ရပ်နားထားကြသည်ကို တွေ့မြင်ရသည်။ အနုပညာရှင်များ၏ We Want Justice လှုပ်ရှားမှုတွင် အမာခံပရိသတ်များဖွဲ့စည်းထားသည့် Fan အဖွဲ့များမှလည်း လိုက်ပါလုပ်ဆောင်လျက်ရှိကာ လူမှုကွန်ရက်စာမျက်နှာထက်တွင်ဖော်ပြလျက်ရှိသည်။

Most Read

Most Recent