ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသော အာဏာအရ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအား မိမိတို့တာဝန်များကို ဆက်လက်တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) ည ၈ နာရီခွဲခန့်က ထုတ်ပြန်ကြေညာခဲ့သည်။
အလားတူ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသော အာဏာအရ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအား မိမိတို့တာဝန်များကို ဆက်လက် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အမိန့်အမှတ် ၂/၂၀၂၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။