တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်သည့်နေ့ တွင် သဘာပတိ တင်မြှောက်ခြင်း၊ ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် လွှတ်တော်
ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင် မြှောက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရုံး၏ ပထမနေ့ အစီအစဉ် (လျာထားချက်)အရ သိရသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပ မည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို အစည်းအဝေး အစီအစဉ် ၁၅ ခုဖြင့် ကျင်းပမည်ဖြစ်ပြီး သဘာပတိတင်မြှောက်ခြင်း၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်း နှင့် ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ် တော်ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက် ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့ သဘာပတိရှေ့မှောက်တွင် ကတိ သစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း အစီအစဉ်၊ ပြည်သူ့ လွှတ်တော် သဘာပတိက ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်း အစီအစဉ်များလည်းပါဝင်ကြောင်း အစည်းအ ဝေး အစီအစဉ် (လျာထားချက်) အရ သိရ သည်။
“ထူးထူးခြားခြားတော့ ဘာမှမရှိပါဘူး။ သဘာပတိရွေးမယ်။ သဘာပတိကနေမှ လွှတ်တော်ကျမ်းကျိန်မယ်။ ပြီးရင် လွှတ် တောဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရွေးမယ်။ ဒါပါပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါ တီ၏ အောင်မြေသာစံမဲဆန္ဒနယ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာလှမိုးက ပြောကြားသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်သည့်နေ့ တွင် ပထမဦးဆုံးလုပ်ငန်းစဉ်အဖြစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များထဲမှ လွှတ် တော်ကိုယ်စားလှယ်တစ်ဦးကို ပြည်သူ့လွှတ် တော် သဘာပတိအဖြစ် တင်မြှောက်မည်ဖြစ် ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရ သည့် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များနှင့် တပ်မတော်သားပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များသည် သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိ သစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြ မည်ဖြစ်သည်။
ဒေါက်တာလှမိုးက “ပြည်သူတွေ စိတ် အေးချမ်းသာစွာနဲ့စောင့်ကြည့်နေပါ။ နိုင်ငံတော်အနေနဲ့ရော ၊လွှတ်တော်အနေနဲ့ရော နိုင်ငံတော်အေးချမ်းသာယာဖို့အတွက် အားလုံးအခက်အခဲမရှိ ညင်သာစွာ လွှတ်တော် ပြန်စနိုင်ဖို့၊ အစိုးရပြန်ဖွဲ့နိုင်ဖို့ အကောင်း ဆုံးကြိုးစားနေပါတယ်။ အဲဒီတော့ နိုင်ငံ တော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို မျက်နှာမူ ဦးတည်ဆောင်ရွက်တာဖြစ်တဲ့အတွက် ဘာ မှအကြောင်းကြီးငယ်ရှိလိမ့်မယ်လို့ မမျှော် လင့်ပါဘူး” ဟု ပြောကြားသည်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ် တော်ကိုယ်စားလှယ်များ တက်ရောက်မည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် များ၏ ပထမပုံမှန်အစည်းအဝေးများကို ဖေ ဖော်ဝါရီလအတွင်း စတင်မည်ဖြစ်ပြီး ပြည် သူ့လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်မြင်တာကတော့ ဘာမှ မပြောင်းလဲနိုင်ပါဘူး။ ဘာလို့ဆိုတော့ ကျွန် တော်တို့နိုင်ငံဟာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို သွားနေတဲ့ နိုင်ငံဖြစ်တယ်။ အခုမှ ဒီမိုကရေစီ အစပျိုးဆဲ၊ လမ်းကြောင်း ပေါ်ကို တွန်းတင်ဆဲကာလဖြစ်တဲ့အတွက် စိန်ခေါ်ချက်တွေကတော့ ဒီအကြိမ်မှမဟုတ် ဘူး။ အမြဲရှိနေမှာပါပဲ။ အကြောင်းအရာ နည်းနည်းပါးပါး ပြောင်းသွားတာပဲရှိမယ်။ စိန်ခေါ်ချက်တွေရှိနေမှာကတော့ မလွဲ မသွေပါပဲ” ဟု ဒေါက်တာလှမိုးက ပြောကြား သည်။
လွှတ်တော်အကြီးအကဲများ ရွေးချယ် ခြင်း၊ နိုင်ငံတော်သမ္မတရွေးချယ်ခြင်းနှင့် အစိုးရအဖွဲ့ရွေးချယ်ခြင်း အတည်ပြုခြင်း များ ဆောင်ရွက်မည့် ပထမပုံမှန်အစည်း အဝေးကာလသည် တတိယအကြိမ် လွှတ် တော်သက်တမ်းတွင် အရေးကြီးဆုံး အစည်းအဝေး ကာလတစ်ခုဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ရွေးကောက်ပွဲသုံးကြိမ် ကျင်းပပြီးစီးထားသည့် မြန်မာနိုင်ငံသည် ရွေးကောက် ပွဲကျင်းပပြီးနောက်ပိုင်းတွင် လွှတ်တော်အ စည်းအဝေး ခေါ်ယူခြင်း၊ လွှတ်တော်အကြီး အကဲများ ရွေးချယ်ခြင်း၊ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခြင်းနှင့် အစိုးရအဖွဲ့ ရွေးချယ်ခြင်း အတည်ပြုခြင်းများကို အောင် မြင်စွာလုပ်ဆောင်နိုင်ခဲ့သည့် အတွေ့အကြုံ နှစ်ကြိမ်ရှိပြီဖြစ်သော်လည်း လက်တလော နိုင်ငံရေးဖြစ်စဉ်များကြောင့် ပြည်သူများအ ကြား စိုးရိမ်မှုများ ရှိနေသလို တတိယအကြိမ် လွှတ်တော်စတင်မည့်အခြေအနေအပေါ် ယခင်ကာလများကထက် စိတ်ဝင်တစား စောင့်ကြည့်မှုများလည်း ရှိနေသည်။
ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိနေ ကြောင်း စွပ်စွဲချက်များ၊ လက်တလော နိုင်ငံ ရေးဖြစ်စဉ်များနှင့်ဆက်စပ်၍ တတိယအကြိမ် လွှတ်တော်အစည်းအဝေးများကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရလွှတ် တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်ခြင်း ရှိ၊ မရှိအပေါ် သုံးသပ်ပြောဆိုမှု အမျိုးမျိုးရှိနေသော်လည်း ယင်း ကိုယ်စားလှယ်များသည် လွှတ်တော်တက် ရောက်ရန်အတွက် အမည်စာရင်းပေးသွင်း ထားပြီး လွှတ်တော်အစည်းအဝေး မစတင်မီတွင် ဆောင်ရွက်ခဲ့သည့် COVID-19 ကာ ကွယ်ဆေးထိုးနှံရာတွင် အားလုံးပါဝင်ခဲ့ကြ သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တပ် မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက် ရောက်ကြမည်ဖြစ်ကြောင်းလည်း လွှတ် တော်ကိုယ်စားလှယ်အချို့၏ ပြောကြားချက် များအရ သိရသည်။
တတိယအကြိမ်ပြည်သူ့လွှတ်တော်အ စည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၂၅၉ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၅ ဦး၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်က ၁၃ ဦး၊ ရခိုင် အမျိုးသားပါတီက လေးဦး၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ပါတီတို့က သုံးဦးစီ၊ မွန်ညီညွတ်ရေးပါ တီက နှစ်ဦး၊ “၀” အမျိုးသားပါတီ၊ ကချင် ပြည်နယ်ပြည်သူ့ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ရခိုင့်ဦးဆောင်ပါတီတို့က တစ်ဦးစီ နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ် ၁၁၀ ဦး တက်ရောက်ကြမည်ဖြစ် ကြောင်း သိရသည်။