ရန်ကုန်မြို့၏ စက်မှုကဏ္ဍ၌ ဂျပန်နှင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၇ ဒသမ ၈ သန်းကျော်နှင့် ကျပ်သန်း ၂၉၀၀ ကျော်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခု လုပ်ကိုင်ရန် အတည်ပြု

ရန်ကုန်မြို့၏ စက်မှုကဏ္ဍ၌ ဂျပန်နှင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၇ ဒသမ ၈ သန်းကျော်နှင့် ကျပ်သန်း ၂၉၀၀ ကျော်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခု လုပ်ကိုင်ရန် အတည်ပြု
Published 27 January 2021
နီလာ

ရန်ကုန်မြို့၏ စက်မှုကဏ္ဍ၌ ဒေါ်လာ ၇ ဒသမ ၈ သန်းကျော်နှင့် ကျပ်သန်း ၂၉၀၀ ကျော်ရှိသည့် ဂျပန်နှင့် တရုတ်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု လုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) က အတည်ပြုပေးလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ပဲအမျိုးမျိုးနှင့် နှမ်းသန့်စင် ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်း၊ ငံပြာရည် ထုတ်လုပ်၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်သည်။

အတည်ပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ ဒေါ် လာ ၇ ဒသမ ၈၀၃ သန်းနှင့် ကျပ် ၂၉၂၉ ဒသမ ၆၀၀ သန်းဖြစ်ပြီး စုစုပေါင်းလုပ်ငန်း လေးခုမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အ လမ်း ၁၇၆၂ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ  မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံ ပေါင်း ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ  ၁၂ ခုအနက် လျှပ်စစ်ကဏ္ဍတွင် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိအစိုးရသက်တမ်း လေးနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၀၂၂၀ ဘီလျံကျော်ရှိပြီး အိမ် ခြံမြေဖွံ့ဖြိုးရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု  အများဆုံးဖြစ်ကြောင်း  သိရသည်။

လက်ရှိအစိုးရလက်ထက်အတွင်း နှစ် အလိုက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင် ရောက်မှုပမာဏမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ကျပ် ၁၅၆၆၃၅၀ ဒသမ ၂၈၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ကျပ် ၃၆၇၃၄၈၅ ဒသမ ၆၇၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ကျပ် ၁၇၄၄၅၈၅ ဒသမ ၁၉၉ သန်း၊ ၂၀၁၉ ဧပြီမှ ၂၀၁၉ စက်တင်ဘာ (ဘတ်ဂျက်ကြားကာလ) တွင် ကျပ် ၅၄၆၀၃၉ ဒသမ ၁၂၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ကျပ် ၂၆၁၉၃၉၅ ဒသမ ၆၂၈ သန်းရှိ သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၅၉၂ ခု ကို လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၁၀၂၂၀၆၀၈ ဒသမ ၈၄၃ သန်း (ကျပ် ၁၀၂၂၀ ဘီလျံကျော်) ရှိခြင်းဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၃၀၅၆ ဒသမ ၃၄၉ ဘီလျံ (လုပ်ငန်း ၃၉ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၁၆၈၆ ဒသမ ၃၉၂ ဘီလျံ (လုပ်ငန်း ၂၁၆ ခု)၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၁၁၄၁ ဒသမ ၆၄၅ ဘီလျံ (လုပ်ငန်း ၁၅ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၁၀၅၀ ဒသမ ၃၈၆ ဘီလျံ (လုပ်ငန်း ၁၁၀ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၄၃၆ ဒသမ ၆၆၈ ဘီလျံ (လုပ်ငန်း ၁၆ ခု) တို့ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၃၂၄ ဒသမ ၅၂၃ ဘီလျံ (လုပ်ငန်းသုံးခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၁၉ ဒသမ ၄၇၂ ဘီလျံ (လုပ်ငန်း ၂၇ ခု)၊ ဆောက်လုပ်ရေးကဏ္ဍ၌ ကျပ် ၂၂၈ ဒသမ ၁၃၀ ဘီလျံ (လုပ်ငန်းအရေအတွက် မဖော်ပြ ထား)၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ် ၇၅ ဒသမ ၃၅၁ ဘီလျံ (လုပ်ငန်းကိုးခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၄၁ ဒသမ ၅၇၆ ဘီလျံ (လုပ်ငန်း ၁၄ ခု)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၃ ဒသမ ၇၂၃ ဘီလျံ (လုပ်ငန်းနှစ်ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၁၈၄၆ ဒသမ ၃၈၈ ဘီလျံ (လုပ်ငန်း ၁၄၁ ခု) ရင်း နှီးမြှုပ်နှံခွင့်ပြုထားသည်။

၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာအထိ ရင်းနှီးမြှုပ်နှံထားသော ကျပ် ၁၀၂၂၀ ဘီလျံကျော်၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံထားသည့် ရာခိုင်နှုန်းမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ၂၉ ဒသမ ၉၀ ရာခိုင် နှုန်း၊ အခြားကဏ္ဍတွွင် ၁၈ ဒသမ ၀၇ ရာခိုင် နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၆ ဒသမ ၅၀ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ၁၁ ဒသမ ၁၇ ရာခိုင်နှုန်း၊ ဟို တယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ၁၀ ဒသမ ၂၈ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၄ ဒသမ ၂၇ ရာခိုင်နှုန်း၊ စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ၃ ဒသမ ၁၈ ရာခိုင်နှုန်း၊ မွေမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၃ ဒသမ ၁၃ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၂ ဒသမ ၂၃ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် သုည ဒသမ ၇၄ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သုည ဒသမ ၄၁ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် သုည ဒသမ ၁၃ ရာခိုင်နှုန်း တို့ဖြစ်သည်။

Most Read

Most Recent