ပဲခူးတိုင်းဒေသကြီးမှ ၂၈ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂၆ မြို့နယ် စုစုပေါင်း ၅၄ မြို့နယ်တွင် မဲ မသမာမှုပြုနိုင်၊ ဖြစ်နိုင်သည့် မဲစာရင်းများနှင့် ပတ်သက်၍ တပ်မတော်က၂၉ ကြိမ်မြောက် ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီးမှ ၂၈ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂၆ မြို့နယ် စုစုပေါင်း ၅၄ မြို့နယ်တွင် မဲ မသမာမှုပြုနိုင်၊ ဖြစ်နိုင်သည့် မဲစာရင်းများနှင့် ပတ်သက်၍ တပ်မတော်က၂၉ ကြိမ်မြောက် ထုတ်ပြန်
Published 26 January 2021
နေမျိုးဝင်း

ပဲခူးတိုင်းဒေသကြီးမှ ၂၈ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂၆ မြို့နယ် စုစုပေါင်း ၅၄ မြို့နယ်တွင် မဲ မသမာမှုပြုနိုင်၊ ဖြစ်နိုင်သည့် မဲစာရင်းများနှင့် ပတ်သက်၍ တပ်မတော်က ဇန်နဝါရီ ၂၅ ရက်တွင် ၂၉ ကြိမ်မြောက် ထုတ်ပြန်ခဲ့သည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းစိစစ်မှုအား မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန်စစ်ဆေးမှု (Cross Check) ပြုလုပ်ခဲ့ရာ ရန်ကုန် ၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ကချင်၊ ရှမ်း၊ ကယား၊ ချင်း၊ ရခိုင်၊ မွန်၊ ကရင်ပြည်နယ်တို့မှ မြို့နယ်များ၏ စိစစ်တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း ၊ အပြန်အလှန် စစ်ဆေးမှု၏ စိစစ်တွေ့ရှိချက်များမှာ သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန် ပါဝင်နေသည့် မဲစာရင်းများ ဖြစ်ကြောင်း၊ ယင်းကြောင့် ဆက်လက်စိစစ်ပြီးသည့် ပဲခူးတိုင်းဒေသကြီးမှ ၂၈ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂၆ မြို့နယ် တို့တွင် တွေ့ရှိရသည့် စိစစ်ချက်များကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ်တွင် စိစစ်တွေ့ရှိချက်အရ ဆန္ဒမဲပေးခွင့်ရှိ သူစာရင်း (UEC မဲရလဒ် ထုတ်ပြန်ချက်) ၄၆၈၁၁၅၂ ဖြစ်ပြီး စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) ၄၅၅၁၃၁၂ ဖြစ်ကာ တစ်မြို့နယ်ချင်း စိစစ်တွေ့ရှိချက်အရ မဲ မသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၄၉၂၉၁၈၊ မဲ မသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၇၄၀၂၀၈၊ စုစုပေါင်း ၁၂၃၃၂၁ ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန် စစ်ဆေးမှု (Cross Check) စိစစ်တွေ့ရှိချက်အရ မဲ မသမာမှုပြုနိုင်သည့် မဲစာရင်း ၆၂၀၃၀ ဖြစ်၍ စုစုပေါင်း ၁၂၉၅၁၅၆ ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်တွင် စိစစ်တွေ့ရှိချက်အရ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (UEC မဲရလဒ်ထုတ်ပြန်ချက်) ၃၉၅၁၆၃၇ ဖြစ်ပြီး စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) ၃၈၃၈၄၂၅ ဖြစ်ကာ တစ်မြို့နယ်ချင်း စိစစ်တွေ့ရှိချက်အရ  မဲ မသမာမှုပြုနိုင်သည့် ထပ်နေသောမ ဲစာရင်း ၃၄၃၂၄၆၊ မဲ မသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၆၅၄၈၆၀၊ စုစုပေါင်း ၉၉၈၁၀၆ ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန်စစ်ဆေးမှု (Cross Check) စိစစ်တွေ့ရှိချက်အရ မဲ မသမာမှုပြုနိုင်သည့် မဲစာရင်း ၅၅၆၇၈ ဖြစ်၍ စုစုပေါင်း ၁၀၅၃၇၈၄ ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ်အား စစ်ဆေးခဲ့ရာတွင် မြို့နယ် တစ်ခုထက်ပို၍ မဲ မသမာမှုဖြစ်စေနိုင်သော ထပ်နေသည့် နိုင်ငံသားစိစစ်ရေးကတ် အမှတ်အရေအတွက်မှာ ၆၂၀၃၀ ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်အား စစ်ဆေးခဲ့ရာတွင် မြို့နယ်တစ်ခုထက်ပို၍ မဲ မသမာမှု ဖြစ်စေနိုင်သော ထပ်နေသည့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် အရေအတွက်မှာ  ၅၅၆၇၈ ရှိပြီး ထပ်နေသည့် ပုံစံမှာ အရေအတွက်အားဖြင့် ပဲခူးနှင့် ကဝတွင် ၂၈၁၇၊ ကြို့ပင်ကောက်နှင့် အုတ်ဖိုတွင် ၁၀၄၄၊ ပြည်နှင့် ရွှေတောင်တွင် ၁၀၉၆၊ ပြည်နှင့် ဇီးကုန်းတွင် ၁၇၁ စသည်တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ၂၉ ကြိမ်မြောက် မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ Facebook တွင် စာရင်းကိန်းဂဏန်းများဖြင့် ဖော်ပြထားကြောင်း သိရသည်။