တိုင်းပြည်အကျိုးအတွက် စွမ်းဆောင်ရည်ရှိသည့် ပုဂ္ဂိုလ်ဆိုပါက ပြည်ထောင်စုအဆင့်တွင် ပါလာမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးနှင့် တပ်မတော်ဘက်က ဖြစ်သောကြောင့် မခန့်ရဆိုခြင်းမျိုးမရှိကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား

တိုင်းပြည်အကျိုးအတွက် စွမ်းဆောင်ရည်ရှိသည့် ပုဂ္ဂိုလ်ဆိုပါက ပြည်ထောင်စုအဆင့်တွင် ပါလာမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးနှင့် တပ်မတော်ဘက်က ဖြစ်သောကြောင့် မခန့်ရဆိုခြင်းမျိုးမရှိကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား
Published 25 January 2021
အောင်မင်းသိန်း

တိုင်းပြည်အကျိုးအတွက် စွမ်းဆောင် ရည်ရှိသည့်ပုဂ္ဂိုလ်ဆိုပါက ပြည်ထောင်စုအဆင့်တွင် ပါလာမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးနှင့် တပ်မတော်ဘက်ကဖြစ်သောကြောင့် မခန့် ရဆိုခြင်းမျိုးမရှိကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၏ ယာယီဌာနချုပ် (ရုံးခွဲ) တွင် ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး အပြီး သတင်းစာရှင်းလင်းစဉ် လက်ရှိအစိုးရ အဖွဲ့၌ ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သား ဟောင်းအချို့ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းများရှိခဲ့ခြင်းကြောင့် လာမည့် အစိုးရအဖွဲ့တွင် ယင်းကဲ့သို့ ရှိနိုင်မလားဆို သည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှု ကို ပြန်လည်ဖြေကြားရာတွင် ဒေါက်တာ ဇော်မြင့်မောင်က အထက်ပါအတိုင်း ထည့် သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ အခုပွင့်ပွင့် လင်းလင်း ပြောမယ်နော်။ ဒီကိစ္စနဲ့ပတ်သက် ပြီးတော့ အခုက ကျွန်တော်တို့က ဦးဇော်ဌေး ပြောလိုက်တဲ့ Unity Government ဆိုပြီး တော့ ပြောသွားလိုက်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့မူကလည်း အမျိုးသားပြန် လည်သင့်မြတ်ရေး၊ အကယ်၍များ တိုင်းပြည် အကျိုးအတွက် တကယ်စွမ်းဆောင်ရည်ရှိတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် တစ်ယောက်ယောက်ဖြစ် မှာပေါ့။ ကျွန်တော်တို့က ဟိုဟာမို့လို့ မခန့်ရ ဘူးဆိုတာ နဂိုကတည်းက မရှိဘူးလေ။ ကြံ့ ခိုင်ဖွံ့ဖြိုးရေးကမို့ မခန့်ရဘူး၊ တပ်မတော် ဘက်ကမို့ မခန့်ဘူးဆိုတာ မရှိဘူးလေ။ အ ရေးကြီးတာ တိုင်းပြည်အကျိုး၊ တကယ်ပဲ လုပ်နိုင်တဲ့လူ၊ စွမ်းရည်ရှိတဲ့လူဆိုလို့ရှိရင်က တော့ ပြည်ထောင်စုအဆင့်မှာ ပါလာမှာ ပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ မပြောနိုင် ဘူး။ ဘာကြောင့်မပြောနိုင်လဲဆိုတော့ ကျွန် တော် မသိနိုင်လို့” ဟု ဒေါက်တာ ဇော်မြင့် မောင်က ပြောကြားသည်။

NLD ပါတီအနေဖြင့် ပြည်ထောင်စုအဆင့် ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ပြည်ထောင်စု ကက်ဘိနက်အဖွဲ့သာ ၀ိုင်းဝန်းထိန်းကျောင်းနေသည့်အတွက် တိုင်းဒေသကြီးအဆင့်မှ ပြော၍မရကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့က ပြည်သူ့အသံလည်း နားထောင်ပါတယ်ဆိုတာ ကျွန်တော် ပြော ပြီးပြီပဲ။ နောက်ပြီးတော့ အရေးကြီးတာက စွမ်းဆောင်ရည်က ဟုတ်တယ်၊ အမြင် တစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့။ ဒါ ပြည် သူတွေအတွက် အကျိုးမပြုဘူး၊ စွမ်းဆောင် ရည်နိမ့်ကျတယ်၊ အမျိုးမျိုးပြောနေကြတာ ရှိတယ်။ ဒါပေမဲ့ ကက်ဘိနက်ဆိုတာက ပြည်ထောင်စုကက်ဘိနက်မှာက ဘာပဲပြောပြော အဖွဲ့လိုက်ထိုင်ရတာ၊ အဲတော့ ၀ိုင်းဝန်းထိန်း ကျောင်းနေတာတွေရှိတယ် ဆိုလိုက်တဲ့အတွက် ဒါကြီးက သူ့မှာ ဘာပြစ်ချက်ရှိသလဲ ဆိုတာ ကျွန်တော်တို့ တိုင်းအဆင့်ကတော့ ပြောလို့တော့မရဘူး။ နောက်ပြီးတော့ ပြည်ထောင်စုအဆင့်ဆိုတာက ပါတီအနေနဲ့ ပြည်ထောင်စုရဲ့ဟိုဟာတွေမှာ ကျွန်တော်တို့ ဝင် မစွက်ဖက်ဘူး။ အဲတော့ ပြည်သူတွေ မကျေ နပ်ဘူးဆိုတဲ့အသံတွေ၊ တင်တာတွေရှိတာ ပေါ့။ ဒီစာတွေ ဘာတွေ အကုန်လုံးကတော့ သက်ဆိုင်ရာ ကျွန်တော်တို့က ပို့ပေးလိုက် တာပေါ့” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား မည်သို့သော မူဝါဒနှင့် ရွေး ချယ်မလဲဆိုသည့် မေးမြန်းမှုကိုမူ ဒေါက်တာ ဇော်မြင့်မောင်က “တိုင်းနဲ့ ပြည်နယ်ဝန်ကြီး ချုပ်တွေ၊ ကျွန်တော် ခဏခဏလည်း ပြောပါ တယ်။ NLD အပေါ် သစ္စာရှိတဲ့လူဖြစ်ရ မယ်။ NLD အပေါ် သစ္စာရှိတဲ့အပြင် ဘာ လည်းဖြစ်ရမလဲဆိုတော့ အရည်အချင်း တော့ ရှိတော့ရှိမှ ဖြစ်မှာပေါ့။ NLD အပေါ် သစ္စာရှိတယ်၊ အရည်အချင်းမရှိဘဲနဲ့ဆိုရင် လည်း မဖြစ်နိုင်ဘူး။ ဒါ့အပြင် ကျွန်တော်တို့ က ဘာလဲဆိုတော့ ပြည်သူနဲ့ ဆက်ဆံရေး လည်း ကောင်းရမယ်။ အဲတော့ လဲသင့်တဲ့လူ တွေလည်း လဲခဲ့ပြီးပြီ။ ပြစ်ချက်ရှိတဲ့လူတွေ လည်း ပြစ်ဒဏ်တွေ ခံသွားရတာတွေရှိတယ်။ အဲတော့ မူဆိုတာထက်စာလို့ရှိရင် ကျွန်တော် တို့ ဒီငါးနှစ်အတွင်းမှာ စွမ်းဆောင်ရည်ကောင်း တဲ့လူတွေရှိသလို စွမ်းဆောင်ရည်နိမ့်ကျတဲ့ လူတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင် စကားရှိပါတယ်၊ အဲဒါဘာလဲဆို ရင် တိုင်းနဲ့ ပြည်နယ်တွေကသာ စွမ်းဆောင် ရည်ကောင်းမယ်ဆိုလို့ရှိရင် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးက သူ့အလိုလို ဖြစ်လာနိုင်တယ်ပေါ့။ အဲတော့ တိုင်းနဲ့ ပြည်နယ်တွေမှာ အစိုးရအ ဖွဲ့တွေလည်း အရေးကြီးတယ်ဆိုတာတော့ သတ်မှတ်ထားတာရှိပါတယ်။ ပါတီကိုယ် တိုင်ကိုက သတ်မှတ်ထားပါတယ်။ အဲတော့ ရွေးတာလည်း အကောင်းဆုံးတွေဖြစ်အောင် ရွေးမှာပဲ” ဟု ပြန်လည်ဖြေကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ရွေးချယ်ရေးသည် ပါတီလုပ်ငန်းနှင့် သက်ဆိုင်ခြင်း မရှိဘဲ ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များသာ ထိန်းကျောင်းနေကြောင်း လည်း ဒေါက်တာဇော်မြင့်မောင်က ပြော ကြားသည်။

“ပါတီက ပါတီလုပ်ငန်းပဲ လုပ်ပါတယ်။ ဟိုဟာတွေကလည်း ပါတီလုပ်ငန်းနဲ့မှ မဆိုင် ဘဲနဲ့လေ။ ကျွန်တော်တို့က ရွေးချယ်ရေးအ ဖွဲ့ဆိုတာ ပြည်ထောင်စုအဆင့်က ကျွန်တော် ပြောတယ်မလား၊ သူတို့မှာ ကက်ဘိနက်က နဂိုကတည်းက ရှိပြီးသား။ အဲတော့ ကက်ဘိ နက် Member တွေအနေနဲ့ လုပ်ဆောင်ချက် ကို သမ္မတတို့ ဘာတို့လည်း အကုန်သိမှာပေါ့ ဗျာ။ ဘယ်ဝန်ကြီး ဘယ်လိုအခြေအနေရှိ တယ်ဆိုတာ။ ဒါပေမဲ့ ကျွန်တော်တို့က ပြည်ထောင်စုအဆင့် ရွေးချယ်ရေးမှာကျတော့  ပါတီက ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်တွေ ကိုပဲ ကျွန်တော်တို့က ထိန်းကျောင်းတာ။ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်မယ်၊ အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေထဲကလည်း ပြည်ထောင်စုအဆင့် မှန်းတဲ့လူတွေ ရှိကောင်း ရှိမှာပေါ့။ အဲဒါမျိုးဆိုလို့ရှိရင်တော့ ကျွန် တော်တို့က ကိုယ်ရေးအချက်အလက်တွေ ဘာတွေနဲ့ ကျွန်တော်တို့က တင်ပြတာတွေ တော့ရှိတာပေါ့” ဟု ဒေါက်တာဇော်မြင့်မောင် က ပြောကြားသည်။