ရန်ကုန်တိုင်းရှိ ၄၅ မြို့နယ်တွင် မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှုအရ မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၃၉၀၀၀၀ ကျော်တွေ့ရှိကြောင်း တပ်မတော်က ၂၅ ကြိမ်မြောက် ထုတ်ပြန်

ရန်ကုန်တိုင်းရှိ ၄၅ မြို့နယ်တွင် မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှုအရ မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၃၉၀၀၀၀ ကျော်တွေ့ရှိကြောင်း တပ်မတော်က ၂၅ ကြိမ်မြောက် ထုတ်ပြန်
Published 21 January 2021
ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းရှိ ၄၅ မြို့နယ်တို့တွင် မြို့ နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှုအရ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၃၉၀၀၀၀ ကျော်တွေ့ရှိကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ၂၅ ကြိမ်မြောက် ထုတ်ပြန်ခဲ့သည်။

လက်ရှိ ၂၅ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၅ မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (UEC မဲရလဒ်ထုတ်ပြန်ချက်) မှာ ၆၁၃၇၀၄၇၊ စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်း (ပုံစံ-၁) မှာ ၅၉၅၄၅၀၆ ဖြစ်ပြီး တစ်မြို့နယ်ချင်း စိစစ်တွေ့ရှိချက်အရ မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၂၄၈၆၀၁၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၇၄၃၅၂၆ စုစုပေါင်း ၉၉၂၁၂၇ ဖြစ်ကြောင်း ဖော်ပြထားသည်။

မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှု Cross Check အရ စိစစ်တွေ့ရှိချက်၊ မဲမသမှုဖြစ်ပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၃၉၁၁၄၆ ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်၏ မဲစာရင်းပုံစံ (၁) တွင် သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန်ပါဝင်နေသော မဲစာရင်းများကို ဇယားအပိုင်း ၁၊ ၂၊ ၃ ဖြင့် အဆိုပါထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်အား စစ်ဆေးခဲ့ရာတွင် မြို့နယ်တစ်ခုထက်ပို၍ မဲမသမာမှုဖြစ်စေနိုင်သော ထပ်နေသည့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် အရေအတွက်မှာ ၃၉၁၁၄၆ ရှိကြောင်းနှင့် ထပ်နေသည့်ပုံစံမှာ အရေအတွက်အားဖြင့် အလုံနှင့် ဒဂုံတွင် ၁၃၃၊ ဒဂုံနှင့် လှိုင်တွင် ၁၉၁၊ လှိုင်နှင့် အင်းစိန်တွင် ၁၅၂၀၊ ဗဟန်းနှင့် တာမွေတွင် ၁၁၆၈ စသည်ဖြင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှု Cross Check စိစစ်တွေ့ရှိချက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းစိစစ်မှုအား မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှု Cross Check ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ မြို့နယ်များ၏ စိစစ်တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး အပြန်အလှန်စစ်ဆေးမှု၏ စိစစ်တွေ့ရှိချက်များမှာ သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန်ပါဝင်နေသော မဲစာရင်းများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent