ကယားပြည်နယ်မှ ၇ မြို့နယ်နှင့် ချင်းပြည်နယ်မှ ၉ မြို့နယ်တို့တွင် သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန် ပါဝင်နေသည့် မဲစာရင်းများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း တပ်မတော်ထုတ်ပြန်

ကယားပြည်နယ်မှ ၇ မြို့နယ်နှင့် ချင်းပြည်နယ်မှ ၉ မြို့နယ်တို့တွင် သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန် ပါဝင်နေသည့် မဲစာရင်းများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း တပ်မတော်ထုတ်ပြန်
Published 18 January 2021

ကယားပြည်နယ်မှ ၇ မြို့နယ်နှင့် ချင်းပြည်နယ်မှ ၉ မြို့နယ်တို့တွင် သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန် ပါဝင်နေသည့် မဲစာရင်းများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက်တွင် တပ်မတော်က ၂၂ ကြိမ်မြောက် ထုတ်ပြန်သည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းစိစစ်မှုအား မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှု (Cross Check) ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ၂၁ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် တိုင်းဒေသကြီး နှစ်ခုမှ မြို့နယ် ၁၈ မြို့နယ်၏ စိစစ်တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့ကြောင်း၊ အပြန်အလှန်စစ်ဆေးမှု၏ စိစစ်တွေ့ရှိချက်များမှာ သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန် ပါဝင်နေသည့် မဲစာရင်းများ ဖြစ်ကြောင်း ၊ ယင်းကြောင့် ဆက်လက် စိစစ်ပြီးသည့် ကယားပြည်နယ်မှ ၇ မြို့နယ်နှင့် ချင်းပြည်နယ်မှ ၉ မြို့နယ်တို့၏ စိစစ်တွေ့ရှိချက်များကို ၂၂ ကြိမ်မြောက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်မှ ၇ မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (UEC မဲရလာဒ်ထုတ်ပြန်ချက်) ၂၁၂၉၁၆ မဲ ၊ စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) ၂၀၆၅၁၅ ဦး၊ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၅၂၃၂ မဲတို့ဖြစ်ပြီး ချင်းပြည်နယ်မှ မြို့နယ် ၉ မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (UEC မဲရလာဒ် ထုတ်ပြန်ချက်) ၂၈၆၃၀၈ မဲ၊ စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) ၂၈၃၃၉၀ ဦး ၊ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၅၅၆၄ မဲ တို့ဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မဲစာရင်း ပုံစံ-၁ တွင် သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန် ပါဝင်နေသည့် ကယားပြည်နယ်မှ မြို့နယ် ၇ မြို့နယ်မှာ ဘောလခဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ မယ်စဲ့၊ ဖားဆောင်း၊ ရှားတောတို့ဖြစ်ပြီး မဲစာရင်း ပုံစံ-၁ တွင် သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန် ပါဝင်နေသည့် ချင်းပြည်နယ်မှ မြို့နယ် ၉ မြို့နယ်မှာ ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ပလက်ဝ၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန် စစ်ဆေးမှု (Cross Check) စိစစ်တွေ့ရှိချက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါထုတ်ပြန်ချက်များကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် စာရင်းကိန်းဂဏန်းများဖြင့် ဖော်ပြထားသည်။

Most Read

Most Recent