တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အများစု၏ တတိယအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ဒုတိယအပတ်တွင် စတင်ကျင်းပရန် ခေါ်ယူထား

တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အများစု၏ တတိယအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ဒုတိယအပတ်တွင် စတင်ကျင်းပရန် ခေါ်ယူထား
၂၀၁၉ ခုနှစ်အတွင်းက ကျင်းပခဲ့သည့် ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတစ်ခုအား တွေ့ရစဉ်
၂၀၁၉ ခုနှစ်အတွင်းက ကျင်းပခဲ့သည့် ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတစ်ခုအား တွေ့ရစဉ်
Published 18 January 2021
ပြည့်ဖြိုးအောင်

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုရှိ တတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးများကို လာမည့်ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် စတင်ကျင်းပရန် ခေါ်ယူထားကြောင်း သက်ဆိုင်ရာလွှတ်တော်ရုံးအသီးသီး၏ ထုတ်ပြန်ချက်များအရသိရသည်။

တတိယအကြိမ် လွှတ်တော်အစည်း အဝေးစတင်ခေါ်ယူမည့် ရက်အားထုတ်ပြန်ထားသည့် တိုင်းဒေသကြီးလွှတ်တော်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တတိုင်းဒေသကြီး၊ စစ်ကိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့ဖြစ်ပြီး အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ်လွှတ်တော်နှင့် ကယားပြည်နယ်လွှတ်တော်တို့၏ တတိယအကြိမ် လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၈ ရက်တွင်ကျင်းပရန် ခေါ်ယူထား ပြီး မွန်ပြည်နယ်နှင့် ကချင်ပြည်နယ် လွှတ်တော်တို့ကို ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပရန် ခေါ်ယူထားသည်။

“လွှတ်တော်စခေါ်ပြီးဆိုရင်တော့ လွှတ် တော် သဘာပတိရွေးချယ်တင်မြှောက်ပြီး တော့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ စတင် ပြီးတော့ ရွေးချယ်တာတွေ စလုပ်ပါတယ်။တခြားအကြောင်းအရာတွေတော့ မသိရသေး ပါဘူး” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ရန် ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ Media Corner ၌ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီနွယ်နှင့် လွှတ်တော်ရုံးရှိ အရာထမ်းများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။

ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်များအနေဖြင့် တတိယအကြိမ် လွှတ်တော်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း ကို ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းအထိ ထုတ် ပြန်ထားခြင်း မရှိသေးပေ။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အနေဖြင့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၉)ကြိမ်‌မြောက် ပုံမှန်အ စည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ဇန်န ၀ါရီ ၁၈ ရက်တွင် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၉)ကြိမ်‌မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းမည့်မေးခွန်းများ၊ ဖြည့်စွက်ခွင့်ပြုငွေစာ ရင်းနှင့်စပ်လျဉ်းသည့် တင်ပြချက်များ၊ တိုင်း ဒေသကြီးအဆင့် အဖွဲ့အစည်းများမှ တင် သွင်းမည့်အစီရင်ခံစာများ၊ တိုင်းဒေသကြီး လွှတ်တော်၏ကော်မတီအသီးသီးမှ တင်သွင်း မည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ တင် ပြချက်အစီရင်ခံစာများစသည့် ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေး ညှိနှိုင်း ခဲ့ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်  ပြည်နယ်လွှတ်တော်၏ သက်တမ်းကိုပြည်သူ့လွှတ် တော်၏သက်တမ်းနှင့်အညီဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် ဇန်နဝါရီ ၃၁ ရက်တွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ ဒုတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည်လည်း သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ထို့ပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ် လွှတ်တော်သက်တမ်းစတင်သည့်နေ့ ရက်သည် ပြည်သူ့လွှတ်တော်သက်တမ်း စတင်သည့်နေ့ရက်ဖြစ်ကြောင်းနှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမအ ကြိမ် ပုံမှန်အစည်းအဝေးကို ယင်းလွှတ်တော် ၏ သက်တမ်းစတင်သည့်နေ့မှ  ၁၅ ရက်တွင် ကျင်းပရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

သို့ဖြစ်၍ တတိယအကြိမ်ပြည်သူ့လွှတ်တော်သက်တမ်း စတင်မည့် ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း တတိယအကြိမ် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် များ၏ ပထမပုံမှန်အစည်းအဝေးများကို ခေါ် ယူရမည်ဖြစ်သည်။

 

Most Read

Most Recent