တိုင်းရင်းသားပါတီအသုံးအနှုန်းကို NLD ပါတီမှ တိုင်းရင်းသားအချို့ကမကြိုက်ဘဲ ဒေသခံပါတီဟု သုံးနှုန်းရန် ပြောဆိုခြင်းများရှိကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိုးညို ပြောကြား

တိုင်းရင်းသားပါတီအသုံးအနှုန်းကို NLD ပါတီမှ တိုင်းရင်းသားအချို့ကမကြိုက်ဘဲ ဒေသခံပါတီဟု သုံးနှုန်းရန် ပြောဆိုခြင်းများရှိကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိုးညို ပြောကြား
Published 16 January 2021
စည်သာ

တိုင်းရင်းသားပါတီအသုံးအနှုန်းအား NLD ပါတီတွင်းမှ တိုင်းရင်းသားများက မကြိုက်ဘဲ ဒေသခံပါတီဟု သုံးနှုန်းရန်ပြောဆိုခြင်းများရှိကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ရှမ်းပြည်နယ်ရှိ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည့်အစီအစဉ်အား ဇန်နဝါရီ ၁၃ ရက်က မီဒီယာများက မေးမြန်းစဉ် ဒေါက်တာအောင်မိုးညိုက ဒေသခံပါတီများဟု ထည့်သွင်းသုံးနှုန်းခဲ့ပြီး ထိုသို့သုံးနှုန်းရခြင်းကိုလည်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

 “ ဒေသခံပါတီတွေပေ့ါ။ ဒေသခံပါတီတွေလို့ ပြောရတာက တိုင်းရင်းသားပါတီလို့ ပြောရင်တချို့ NLD ထဲက တိုင်းရင်းသားတွေက မကြိုက်ကြဘူး။ တိုင်းရင်းသားပါတီ၊ တိုင်းရင်းသားပါတီလို့ မသုံးစေချင်ဘူးတဲ့၊ ပြည်နယ်ဒေသခံ ပါတီလို့ပဲ သုံးပါတဲ့။ ဘာလို့လဲဆိုတော့ NLD ပါတီထဲက တိုင်းရင်းသားတွေက ဥပမာအားဖြင့် မွန်တို့၊ ကယားတို့ကလည်း ကျွန်တော်တို့လည်း တိုင်းရင်းသားပဲတဲ့။ တိုင်းရင်းသားပါတီဆိုတဲ့ အသုံးအနှုန်းထက် ဒေသခံပါတီဆိုတာမျိုးလို့သုံးပါတဲ့ အဲဒီမျိုးပြောတာတွေကလည်း ရှိတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

NLD ပါတီမှ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်သော ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်သုံးဦး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်ခရီးစဉ်တွင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီ ခုနစ်ပါတီ၊ တစ်သီးပုဂ္ဂလတစ်ဦးတို့ဖြင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးခဲ့သည့် ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP)၊ ကယန်း အမျိုးသားပါတီ၊ တစ်သီးပုဂ္ဂလ ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇုတ်ဒေါင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ “၀” အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ဖြစ်သည်။

Most Read

Most Recent