နောက်ဆုံးအကြိမ် ခေါ်ယူထားသည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကို ကျင်းပခြင်းမပြုတော့ဘဲ ဖျက်သိမ်း

နောက်ဆုံးအကြိမ် ခေါ်ယူထားသည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကို ကျင်းပခြင်းမပြုတော့ဘဲ ဖျက်သိမ်း
Published 12 January 2021
မင်းသူဝင်းထွဋ်

နောက်ဆုံးအကြိမ်အဖြစ်ခေါ်ယူထားသည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၂၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပရန် ကြေညာထားသော်လည်း ကျင်းပခြင်းမပြုတော့ဘဲ ဖျက်သိမ်းလိုက်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးက ဇန်နဝါရီ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တတိယအကြိမ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးခေါ်ယူရန် ကြိုတင်ပြင်ဆင်ရ မည့်လုပ်ငန်းများ လုပ်ဆောင်ရန်ရှိသည့်အ တွက် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ခေါ်ယူရေးကို ဖျက်သိမ်ရခြင်းဖြစ် ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခု ပြည်ထောင်စုက ၁ ရက်ခေါ်ထား တယ်လေ။ ၁ ရက်ခေါ်ထားပြီးတော့ အဲဒါ ပြီးရင် တိုင်းနဲ့ပြည်နယ်အားလုံး ဆက်ခေါ် မယ် တတိယအကြိမ်အတွက်။ အဲဒီအတွက် ညှိနှိုင်းတာပြီးသွားလို့ အဲဒီလိုခေါ်ဖို့ကိစ္စတွေ အရင်လုပ်ရတာကိုး။ ကျွန်တော်တို့ ၂၅ ကြိမ် က မူလကတည်းက ဟိုဟာပါ။ အစီရင်ခံစာ ဖတ်တာပဲလုပ်ဖို့ ရည်ရွယ်ထားတာကိုး။ အဆို၊ မေးခွန်း မပါဘူးလေ။ မကွေးလည်း အဲဒီလိုပဲ။ အဲဒီမှာ အခုကျတော့ တတိယအကြိမ် ခေါ်ယူဖို့ ကိစ္စပြင်ဆင်တာ စာလာလို့ ဟိုဟာကိုတော့ နားလိုက်တယ်ဆိုတယ်။ အဲဒီသဘောပါ။ အစီရင်ခံစာဖတ်တဲ့ဟာကတော့ မှတ်တမ်းပဲထားပြီးတော့ အစိုးရကို ပို့လိုက်ရုံ ပဲပေါ့။ အဲဒီလို ဖြစ်သွားတယ်။ မကြာဘူးလေ။ အခု လေးငါးရက်အတွင်းမှာ တတိယအကြိမ် ခေါ်ရတော့မှာကို။ အဲဒါကြောင့် မခေါ်လို့ လည်း မရဘူးလေ။ ရွေးကောက်ပွဲအပြီး ရက် ၉၀ အတွင်း ခေါ်ရမှာကိုး။ အဲဒါ ဥပဒေအ ကြောင်းပါတော့ ရက်တွေ အရမ်းကပ်သွားရင် လုပ်လို့မဖြစ်ဘူးလေ” ဟု ဧရာဝတီတိုင်းဒေသ ကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

လွှတ်တော်နှင့်အစိုးရအဖွဲ့၏  ငါးနှစ် တာသက်တမ်းကာလအတွင်း ကတိကဝတ်များ ဆောင်ရွက်ခဲ့မှု အစီရင်ခံစာများကို တင်သွင်းရန်အတွက် ၂၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို လွှတ်တော်ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ၂၁ ရက် ကြိုတင်အကြောင်း ကြားကာ ခေါ်ယူထားခဲ့သော်လည်း ကျင်းပရန် ရက်အနည်းငယ်အလိုတွင် ဖျက်သိမ်းခဲ့ ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ကျောင်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာထိန်ဝင်းက “ပုံမှန်အစည်းအဝေး ဆိုရင် သာမန်အားဖြင့် ၂၁ရက် ကြိုတင်ပြီး ဖိတ်ရတာပေါ့နော်။ အစ်ကိုတို့ကို လုပ်ထုံး လုပ်နည်းနဲ့အညီ ကြိုတင်ဖိတ်ပြီးပြီ။ ပြီးမှ အကြောင်းကြောင်းကြောင့် ပယ်ဖျက်တယ်။ အစ်ကို့ကို ဖုန်းနဲ့ပြောတော့ ဘာကြောင့် ပယ်ဖျက်လဲမေးတော့ အချက်နှစ်ချက်ပြောတယ်။ နံပါတ် (၁) က ကိုဗစ်ကန့်သတ်ချက်ကြောင့် နံပါတ် (၂) ကတော့ တတိယအကြိမ် လွှတ် တော်စတင်ကျင်းပဖို့ ပြင်ဆင်ဖို့ လုပ်နေတာမို့ ပယ်ဖျက်တယ်လို့ပြောတယ်။ ဆိုလိုတာက နောက်ဆုံးအကြိမ် လွှတ်တော်ကျင်းပခြင်း သည် လုပ်စရာတွေက အများကြီး။ ၂၅ ကြိမ်မြောက် လွှတ်တော်အတွက် အစ်ကိုတို့ဆို အစီရင်ခံစာတွေ ရေးနေတဲ့အချိန် ဖြစ်နေတယ်။ အခုရေးပြီးပြီ။ အဓိကအစီရင်ခံစာ ရေးတာက ငါးနှစ်တာကာလအတွင်းမှာ ဘာတွေလုပ်ကြလဲဆိုတဲ့ လွှတ်တော်ကော်မတီအ သီးသီးက ဘာတွေလုပ်ခဲ့တယ်ဆိုတာ အစီရင် ခံစာတင်ရတယ်။ ထို့အတူပဲ ဒီဖက်က တရား ရေးမဏ္ဍိုင်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ အစိုးရ တွေက သူ့ဌာနအလိုက် ဘာတွေဆောင်ရွက် ပြီးပါပြီ။ ဘာတွေဆောင်ရွက်ရန် ကျန်တယ် ဆိုတာကို အဲဒီလိုတင်ပြရတယ်။ တင်ပြီးမှ လွှတ်တော်ပုံမှန်အစည်းအဝေးမှာ မှတ်တမ်း တင်ရတယ်။ မှတ်တမ်းတင်မှ လွှတ်တော်မှတ် တမ်းထဲမှာ မော်ကွန်းတိုက်ထဲရောက်သွားပြီး တော့ နောက်လွှတ်တော်အတွက် အဆင်သင့် ဖြစ်တာပေါ့။ အခုက အကုန်ပြီးမှ ဖျက်တယ် ဆိုတာက အကြောင်းကြောင်းကြောင့်ပေါ့နော်။ လုပ်ထုံးလုပ်နည်းဖောက်ပြီးတော့ လုပ်တာမှာ ဘာတွေဆုံးရှုံးလဲဆိုတော့ လွှတ်တော် နဲ့အစိုးရ ငါးနှစ်တာကာလမှာ ကိုယ်စားလှယ် တွေတင်ပြခဲ့တဲ့ ကတိကဝတ်တွေမှာ အစိုးရ က ဘာတွေဆောင်ရွက်ပြီးပြီ။ မပြီးသေးဘူး။ စနစ်တကျလွှဲပြောင်းပေးနိုင်မယ့် အခွင့်အရေးမရှိသွားဘူး။ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းက ယိုယွင်းသွားတော့ ဒီမိုကရေစီရဲ့ ပြ ယုဂ်ကို သွားပြီးထိခိုက်သွားတယ်။ လွှတ်တော်က ဒီမိုကရေစီရဲ့ ပြယုဂ်ပဲလေ။ ဒါ့အပြင် လွှတ်တော်က လွတ်လပ်မှုမရှိတော့ဘူးလို့ ယူဆရတယ်” ဟု ဝေဖန်ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အငြင်းပွားမှုများရှိသည်ဟုဆိုကာ ဒုတိယအကြိမ် လွှတ်တော်အသီးသီးများကို နောက်ဆုံး အကြိမ် ပုံမှန်အစည်းအဝေးခေါ်ယူပေးရန် နိုင်ငံရေးအတိုက်အခံပါတီများက တောင်းဆိုမှုများထွက်ပေါ်နေချိန်တွင် ကျင်းပရန်စီစဉ် ပြီးသားဖြစ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသ ကြီးလွှတ်တော် ၂၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကိုပါ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။