တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း နှစ်ရာခိုင်နှုန်းခန့်၊ အိမ်လခ နှစ်ရာခိုင်နှုန်းခန့်၊ ကျန်းမာရေး ကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် တစ်ရာခိုင်နှုန်းကျော် မြင့်တက်

တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း နှစ်ရာခိုင်နှုန်းခန့်၊ အိမ်လခ နှစ်ရာခိုင်နှုန်းခန့်၊ ကျန်းမာရေး ကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် တစ်ရာခိုင်နှုန်းကျော် မြင့်တက်
ရန်ကုန်မြို့ရှိ စျေးရုံတစ်ရုံတွင် မီးဖိုချောင်သုံးစားသောက်ကုန်များ ဝယ်ယူနေသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ စျေးရုံတစ်ရုံတွင် မီးဖိုချောင်သုံးစားသောက်ကုန်များ ဝယ်ယူနေသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 12 December 2020
စည်သူအောင်

တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း နှစ်ရာခိုင်နှုန်းခန့်၊ အိမ်လခ နှစ်ရာခိုင်နှုန်းခန့်၊ ကျန်းမာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျ စရိတ် တစ်ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာအတွက်  ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် အောက်တိုဘာ လကထက် အစားအစာအုပ်စု ၁ ဒသမ ၆၉ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာ အုပ်စု ၂ ဒသမ ၈၇ ရာခိုင်နှုန်း၊ အဝတ်အ ထည်အုပ်စု ၁ ဒသမ ၇၅ ရာခိုင်နှုန်း၊ အိမ်လ ခနှင့် အိမ်ပြင်ခအုပ်စု ၁ ဒသမ ၈၀ ရာခိုင် နှုန်း၊ အိမ်အသုံးအဆောင်စျေးနှုန်းနှင့် ပြုပြင် ထိန်းသိမ်းစရိတ်အုပ်စု ၂ ဒသမ ၉၁ ရာခိုင် နှုန်း၊ ကျန်းမာရေးအုပ်စု ၄ ဒသမ ၄၈ ရာခိုင် နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု ၁ ဒသမ ၀၅ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက် အုပ်စု ၇ ဒသမ ၁၉ ရာခိုင်နှုန်း၊ အထွေထွေ ကုန်ပစ္စည်းအုပ်စု ၅ ဒသမ ၂၈ ရာခိုင်နှုန်း၊ အစားအစာမဟုတ်သောအုပ်စု ၁ ဒသမ ၁၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်း နှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် အောက်တိုဘာလနှင့် နှိုင်းယှဉ် ပါက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ကျဆင်းခဲ့သည့်ကဏ္ဍများမှာ သယ်ယူပို့ ဆောင်ရေးအုပ်စုနှင့် ဆက်သွယ်ရေးအုပ်စု ဖြစ်ပြီး ကျဆင်းမှုနှုန်းမှာ ၆ ဒသမ ၉၆ ရာခိုင် နှုန်းနှင့် ၀ ဒသမ ၂၇ ရာခိုင်နှုန်းတို့ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၃ ဒသမ ၀၀ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာ ရင်းအင်းအဖွဲ့မှထုတ်ပြန်သည့် စားသုံးသူ  စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အ ခြေအနေအရ သိရသည်။

ယခင်လနှင့် နှိုင်းယှဉ်ပါက အောက်တို ဘာလတွင် အဝတ်အထည်၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ အိမ်အသုံးအဆောင် ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ ကျန်းမာရေးအုပ်စု၊ ပြင်ပအစားအသောက် အုပ်စုနှင့် အထွေထွေကုန်ပစ္စည်းအုပ်စုတို့ မှာ အနည်းငယ်မြင့်တက်လာသော်လည်း အစားအစာအုပ်စု၊ ဆေးလိပ်နှင့် အဖျော်ယ မကာအုပ်စုနှင့် သယ်ယူပို့ဆောင်ရေးအုပ်စု တို့မှာ ယခင်လကထက် ကျဆင်းနေသည်။ သို့သော် ဆက်သွယ်ရေးအုပ်စုနှင့် ပညာရေး အုပ်စုတို့မှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေ ပြီး အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စုမှာ သိသာစွာ ပြောင်းလဲလာမှုမရှိကြောင်း သိရ သည်။

စားသုံးသူစျေးဆနှုန်း၏ လအလိုက် ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၂ ခုနှစ် အ ခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် အောက်တိုဘာအတွက် တစ်နိုင်ငံ လုံး၏ အစားအစာအုပ်စုအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၇၆ ဒသမ ၃၁ ဖြစ်ပြီး အစား အစာမဟုတ်သောအုပ်စုအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၆ ရှိသည်။ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလတွင် အုပ်စု အားလုံးအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၃ ဒသမ ၀၀ ဖြစ်ပြီး ယခင်လ၏ စားသုံးသူ စျေးဆနှုန်း ၁၆၃ ဒသမ ၁၀ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၀၇ ရာခိုင်နှုန်း ကျဆင်းလာသည်။ Core Inflation တွက်ချက်ရန် စျေးနှုန်း တည်ငြိမ်မှု မရှိသည့် အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများမပါဝင်ဘဲ တွက် ချက်ထားသော ၂၀၂၀ ပြည့်နှစ် အောက်တို ဘာလ၏ စားသုံးသူစျေးဆနှုန်း (Core Inflation) မှာ ၁၄၅ ဒသမ ၆၄ ဖြစ်ရာ ယခင်လ၏ Core CPI ဖြစ်သည့် ၁၄၅ ဒသမ ၇၁ နှင့်နှိုင်းယှဉ်ပါ က ၀ ဒသမ ၀၅ ရာ ခိုင်နှုန်း ကျဆင်းခဲ့သည်။

စားသုံးသူစျေးဆနှုန်း၏ နှစ်အလိုက် ပြောင်းလဲမှုအခြေအနေကို လေ့လာပါက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၏စားသုံး သူစျေးဆနှုန်းမှာ ၁၆၃ ဒသမ ၀၀ ဖြစ်သဖြင့် ယခင်နှစ် အလားတူလ၏အခြေအနေ ၁၆၀ ဒသမ ၅၈ နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၅၀ ရာ ခိုင်နှုန်း မြင့်တက်လာသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၏ Core CPI မှာ ၁၄၅ ဒသမ ၆၄ ဖြစ်ရာ ယခင်နှစ်အလားတူလ၏ Core CPI အခြေအနေ ၁၃၉ ဒသမ ၇၄ နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၂၂ ရာခိုင်နှုန်းမြင့် တက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် အစားအစာအုပ်စု၏စျေးဆနှုန်းမှာ ၁၇၆ ဒသမ ၃၁ ဖြစ်သဖြင့် ယခင်လအခြေအနေ ၁၇၆ ဒသမ ၅၁ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၁၁ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်။ ဆန် (ဧည့်မထ)၊ စားအုန်းဆီ၊ ဝက်သား၊ အမဲသား၊ ကြက်ဥ၊ ငါးမြစ်ချင်းနှင့် ပုစွန်ခြောက်စျေးနှုန်း များ အသီးသီးမြင့်တက်လာခဲ့သော်လည်း ကြက်သား၊ ဘဲဥ၊ ငါးခူနှင့် ငါးရံ့စျေးနှုန်းများ ကျဆင်းလာသည်။ စားဖိုဆောင်သီးနှံများ ဖြစ်သော ကုလားပဲခြမ်း၊ အာလူး၊ ကြက်သွန် ဖြူနှင့် ကြက်သွန်နီစျေးနှုန်းများ မြင့်တက်လာ သကဲ့သို့  ရာသီပေါ်သီးနှံဖြစ်သော ဘူးသီး၊ ခရမ်းသီး၊ မုန်လာဥနီ၊ ကန်စွန်းရွက်နှင့် ချဉ် ပေါင်ရွက်စျေးနှုန်းများမှာလည်း အနည်းငယ် မြင့်တက်ခဲ့သည်။ သို့သော် ခရမ်းချဉ်သီးစျေး နှုန်းမှာ သိသိသာသာကျဆင်းခဲ့သည်ကို တွေ့ ရသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် အစားအစာမဟုတ်သောအုပ်စု၏ စျေးဆ နှုန်းမှာ ၁၄၄ ဒသမ ၂၆ ဖြစ်သဖြင့် ယခင်လ အခြေအနေ ၁၄၄ ဒသမ၂၄ နှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအနည်းငယ်သာ မြင့်တက်ခဲ့သည်။

Most Read

Most Recent