၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ၁ ဒသမ ၈ ရာခိုင်နှုန်းရှိသော်လည်း ဂျီဒီပီတန်ဖိုး ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း

၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ၁ ဒသမ ၈ ရာခိုင်နှုန်းရှိသော်လည်း ဂျီဒီပီတန်ဖိုး ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း
Published 12 December 2020

၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ၁ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဖြစ်သော်လည်း ဂျီဒီပီ (ပြည်တွင်းစုစုပေါင်းထုတ်ကုန်) တန်ဖိုး ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ နောက်ဆုံး အစီရင်ခံစာတွင် ခန့်မှန်းထားကြောင်း သိရ သည်။

ဒေသတွင်း စီးပွားရေးတိုးတက်မှု အခြေအနေသည် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်သော်လည်း ယခုနှစ်ကုန်တွင် ၀ ဒသမ ၄ ရာ ခိုင်နှုန်းသာ တိုးတက်မှုနှုန်းရှိမည်ဟု အာရှ ဖွံ့ဖြိုးရေးဘဏ်က မျှော်မှန်းထားသည်။

၂၀၁၉ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု နှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သည့် မြန်မာ နိုင်ငံတွင်လည်း COVID-19 ရိုက်ခတ်မှု ဒဏ်ကြောင့် စီးပွားရေးတိုးတက်မှုနှုန်းများ ကျဆင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ၄ ဒသမ ၂ ရာခိုင်နှုန်း၊ ဇွန်တွင် ၁ ဒသမ ၈ ရာ ခိုင်နှုန်း၊ စက်တင်ဘာတွင် ၁ ဒသမ ၈ ရာခိုင် နှုန်းသာရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က လျှော့ချခန့်မှန်းခဲ့သည်။ COVID-19 ကပ် ရောဂါကာလ ကျော်လွှားပြီးပါက လာမည့် ၂၀၂၁ ခုနှစ် ဧပြီတွင် မြန်မာနိုင်ငံ၏ စီးပွား ရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ပြန်ရှိလာရန်လည်း အာရှဖွံ့ဖြိုးရေးဘဏ်က မျှော်မှန်းထားသည်။

COVID-19 ကပ်ရောဂါ အခြားကမ္ဘာ့ နိုင်ငံများနည်းတူ အာဆီယံ၊ အရှေ့တောင်အာရှနိုင်ငံများလည်း အထိနာခဲ့ပြီး အဖွဲ့ဝင် ၁၁ နိုင်ငံအနက် စီးပွားရေးတိုးတက်မှုနှုန်း အနုတ်လက္ခဏာပြသခဲ့သည့်နိုင်ငံ ရှစ်နိုင်ငံ ရှိခဲ့ကာ မြန်မာ၊ ဗီယက်နမ်၊ ဘရူနိုင်းနိုင်ငံတို့ သာ အပေါင်းလက္ခဏာစီးပွားရေးတိုးတက် မှုနှုန်းကျန်ရှိသည်။

အာရှဖွံ့ဖြိုးရေးဘဏ်က နောက်ဆုံး ခန့်မှန်းခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများ ၏ စီးပွားရေးတိုးတက်မှုနှုန်းများမှာ ထိုင်း - ၈ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် - ၇ ဒသမ ၃ ရာခိုင် နှုန်း၊ အရှေ့တီမော - ၆ ဒသမ ၃ ရာခိုင်နှုန်း၊  စင်ကာပူ - ၆ ဒသမ ၂ ရာခိုင်နှုန်း၊ မလေးရှား - ၅ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား - ၄ ရာခိုင် နှုန်း၊ လာအို - ၂ ဒသမ ၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား - ၁ ရာခိုင်နှုန်း၊ ဘရူနိုင်း ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ဗီယက်နမ် ၁ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ ၁ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ADB ၏ နောက်ဆုံးခန့်မှန်းချက်အရ ၂၀၂၀ ပြည့် နှစ်အတွင်း အာဆီယံဒေသတွင်း စီးပွားရေး - ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဂျီဒီပီ (ပြည်တွင်းစုစု ပေါင်းထုတ်ကုန်) ပမာဏသည် ၂၀၁၉ ခုနှစ် တွင် တိုးတက်မှုနှုန်း ၀ ဒသမ ၄ ရာခိုင်နှုန်းရှိ ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီနှင့် စက်တင်ဘာ တွင် ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်း မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် အာရှဖွံ့ဖြိုးရေးဘဏ်၏ နောက်ဆုံးအ အစီရင်ခံစာသည် ၂၀၂၀ ပြည့်နှစ် စက်တင် ဘာလအတွင်း အခြေအနေများကို နောက် ဆုံးရယူသုံးသပ်ထားခြင်းဖြစ်သည်။ အဆို ပါကာလသည် လက်ရှိရင်ဆိုင်နေရသည့် COVID-19 ဒုတိယလှိုင်း အစပျိုးနေချိန် သာဖြစ်ရာ လက်ရှိမြန်မာစီးပွားရေးအခြေ အနေမှာ ယင်းအခြေအနေထက်များစွာဆိုး ရွားနေပြီဖြစ်သည်။

စီးပွားရေးလုပ်ငန်းများ COVID-19 ဒုတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို ပြင်းပြင်း ထန်ထန်ခံစားနေရပြီး မြန်မာနိုင်ငံအနှံ့ လုပ်ငန်းအမျိုးအစားအားလုံး၏ ၉၃ ရာခိုင် နှုန်း ထိခိုက်ခံစားလာရကြောင်း နိုဝင်ဘာ ဒုတိယပတ်တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ ဘဏ်၏နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြ ထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက် မှ အောက်တိုဘာ ၁ ရက်အတွင်း ကောက် ယူထားသည့် COVID-19 ကပ်ရောဂါ သက်ရောက်မှုစောင့်ကြည့်လေ့လာရေးစစ်တမ်းအရ မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေး လုပ်ငန်းများအားလုံးနီးပါးသည် ပိုမိုဆိုးရွား လာသည့် ရိုက်ခတ်မှုဒဏ်ကို ခံစားလာရပြီး သြဂုတ်လအတွင်း စစ်တမ်းအရ ၇၅ ရာခိုင် နှုန်းထက် ပိုမိုမြင့်မားလာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးကောက်ယူထားသည့် စစ်တမ်းအရ ယာယီပိတ်သိမ်းထားသော လုပ်ငန်းများမှာ စိုက်ပျိုးရေးကဏ္ဍတွင် ခုနစ်ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် ၁၂ ရာခိုင်နှုန်း၊ လက်လီနှင့် လက်ကားအရောင်း လုပ်ငန်းကဏ္ဍတွင် ၁၉ ရာခိုင်နှုန်း၊ ဝန်ဆောင် မှုလုပ်ငန်းကဏ္ဍတွင် ၄၃ ရာခိုင်နှုန်းအထိရှိ သည်။ စိုက်ပျိုးရေးကဏ္ဍမှလွဲ၍ ကျန်ကဏ္ဍများသည် ယာယီပိတ်သိမ်းရသည့်လုပ်ငန်း အရေအတွက် များပြားလာလျက်ရှိပြီး ဝန် ဆောင်မှုလုပ်ငန်းများမှာ အခြေအနေဆိုး ရွားစွာထိခိုက်လျက်ရှိသည်။

ဒေသအလိုက်ဆိုပါက ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာယီပိတ်သိမ်းထားရ သည့်လုပ်ငန်း ၄၃ ရာခိုင်နှုန်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၁ ရာခိုင်နှုန်းအထိရှိပြီး တစ် နိုင်ငံလုံးတွင် ယာယီပိတ်သိမ်းထားရသည့် လုပ်ငန်း ၁၈ ရာခိုင်နှုန်းအထိ ရှိလာခြင်းဖြစ် သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ် ငန်းများအပေါ် COVID-19  ဒုတိယလှိုင်း သက်ရောက်မှုအနေဖြင့် စက်တင်ဘာတွင် ရောင်းအားကျဆင်းသွားခြင်း ၉၀ ရာခိုင်နှုန်း ကျော်၊ ငွေသားစီးဆင်းမှုမရှိတော့ခြင်း ၃၀ ရာခိုင်နှုန်းကျော်၊ ချေးငွေရရှိနိုင်မှု အလား အလာလျော့နည်းသွားခြင်း ၂၀ ရာခိုင်နှုန်း ကျော်၊ သွင်းအားစုများနှင့် ကုန်ကြမ်းပစ္စည်း ပြတ်လပ်ခြင်း ၂၀ ရာခိုင်နှုန်းကျော်၊ ချေးငွေ များနှင့် အခြားသောလုပ်ငန်းဆိုင်ရာေ<ကးမြီ များ ပြန်ဆပ်ရန်ခက်ခဲခြင်း၂၅ ရာခိုင်နှုန်း ကျော်၊ လူမွဲခံယူရန်လျှောက်ထားခြင်း ၁၀ ရာခိုင်နှုန်းကျော်၊ အလုပ်သမားလျှော့ချခြင်း ၂၀ ရာခိုင်နှုန်းကျော်အထိရှိလာသည်။ သြ ဂုတ်လနှင့်နှိုင်းယှဉ်ပါက ငွေသားစီးဆင်းမှု အနည်းငယ်မြင့်တက်လာသည်မှလွဲ၍ ကျန် အချက်များတွင် ပိုမိုဆိုးရွားပြင်းထန်လာခြင်း ဖြစ်သည်။

မြန်မာစီးပွားရေးလုပ်ငန်းများသည် COVID-19 ဒုတိယလှိုင်းကြောင့် အမြတ် ငွေလျော့နည်းသွားသည့်ပမာဏသည် စစ် တမ်းအရ ၆၀ ရာခိုင်နှုန်းကျော်မှ ၇၀ ရာခိုင် နှုန်းကျော်အထိရှိသည်။ ထို့ပြင် လာမည့် သုံး လအတွင်း ကြွေးပြန်မဆပ်နိုင်သည့်အခြေ အနေရောက်ရှိနိုင်သည်ဟု ယူဆထားသော လုပ်ငန်းများမှာလည်း ၂၀ ရာခိုင်နှုန်းကျော်မှ ၅၀ ရာခိုင်နှုန်းကျော်အထိရှိနေကြောင်း သိ ရသည်။

Most Read

Most Recent