MIC သို့ ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိသည့် စီမံကိန်း ၂၄ ခု တင်ပြထားပြီး ခွင့်ပြုပေးရန် အဆင်သင့်ရှိသော်လည်း အစိုးရအကူးအပြောင်းကာလအတွင်း ဝန်ကြီးဌာနများ၏ ခွင့်ပြုမိန့်မရရှိသေးသဖြင့် လက်ရှိတွင် ခွင့်ပြုမပေးသေးခြင်းဖြစ်

MIC သို့ ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိသည့် စီမံကိန်း ၂၄ ခု တင်ပြထားပြီး ခွင့်ပြုပေးရန် အဆင်သင့်ရှိသော်လည်း အစိုးရအကူးအပြောင်းကာလအတွင်း ဝန်ကြီးဌာနများ၏ ခွင့်ပြုမိန့်မရရှိသေးသဖြင့် လက်ရှိတွင် ခွင့်ပြုမပေးသေးခြင်းဖြစ်
ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 8 December 2020

MIC သို့ ဒေါ်လာ ၃ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စီမံကိန်း ၂၄ ခုတင်ပြထားပြီး ခွင့်ပြုပေးရန် အဆင်သင့်ရှိသော်လည်း အစိုးရ အကူးအပြောင်းကာလအတွင်း သက်ဆိုရာဝန်ကြီးဌာန၊ ကော်မတီများ၏ ခွင့်ပြုမိန့်မရရှိသေးသဖြင့် လက်ရှိတွင် ခွင့်ပြုမပေးသေးခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

“ နောက်အစိုးရတစ်ခု NLD အစိုးရတော့ NLD အစိုးရပဲဖြစ်ပါတယ်။ ဒါပေမဲ့ နောက်အစိုးရတစ်ခု ပြောင်းတဲ့အခါကျရင် ဒီဘက်ငါးနှစ်စာလုပ်တဲ့ဟာက အားလုံးစနစ်တကျနဲ့ သပ်သပ်ရပ်ရပ်သေချာစိစစ်ပြီး လုပ်သွားဖို့ဆိုပြီး ကျွန်တော်တို့ကိုလည်း မှာထားတာရှိပါတယ်။ ဒါကြောင့်မို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ စိစစ်မှု၊ အထူးသဖြင့် ဝန်ကြီးဌာနတွေအပေါ်မှာရှိတဲ့ ကော်မတီတွေရဲ့ စိစစ်မှု ၊ဒီဟာတွေကြောင့် လိုအပ်ချက်ထဲကို ရောက်မလာသေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကော်မရှင်က ခွင့်ပြုမိန့်ကို မထုတ်ပေးနိုင်သေးတာ ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင်တော့ အားလုံးနီးပါး အသင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ ဝန်ကြီးဌာနပိုင်းဆိုင်ရာ ညှိနှိုင်းဖို့လိုအပ်ချက် နောက်တခါ ကော်မတီအစည်းအဝေးများရဲ့ ဆုံးဖြတ်ချက်ရရှိပြီဆိုတာနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာရင်းနှီးမြှုပ်နှံသူကနေတဆင့် ကျွန်တော်တို့ဆီတင်ပြလာတာနဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ စိစစ်ပြီးခွင့်ပြုပေးမှာဖြစ်ပါတယ်။ ဒါတွေအားလုံးအဆင်သင့်ရှိပါတယ်။ မကြာခင်မှာ ဒီဟာကိုကြေညာနိုင်မယ်လို့ထင်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆိုသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိသည့်စီမံကိန်း ၂၄ ခုအဆိုပြု တင်ပြထားပြီးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ ၂၀၂၀-၂၀၂၁အတွက်ကို ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ လက်ခံပြီးတော့မှ စဉ်းစားပြီးတော့မှ လိုအပ်တာကို ညှိနှိုင်းဆွေးနွေးနေတဲ့ Proposal ပေါင်း ၂၄ ခုရှိပါတယ်။ အဲ Proposal ၂၄ ခုရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားထားသည်။

လက်ရှိအစိုးရသက်တမ်း ငါးနှစ်အတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု ဒေါ်လာ ၂၅ ဒသမ ၃ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှုနှင့် ပို့ဆောင်ဆက်သွယ်ကဏ္ဍတို့၌ အများဆုံး ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု (MIC) မှ သိရသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ အိမ်ယာတည်ဆောက်ဖွံ့ဖြိုးရေး၊ စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စက်မှုဇုန်တည်ဆောက်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စသည့်လုပ်ငန်း ကဏ္ဍ ၁၁ ခု၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိကဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent