၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၅၁၀၀ ဘီလျံကျော်ရှိကာ သုံးနှစ် ကိုးလအတွင်း ကျပ် ၃၃၂၉ ဘီလျံကျော် မြင့်တက်

၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၅၁၀၀ ဘီလျံကျော်ရှိကာ သုံးနှစ် ကိုးလအတွင်း ကျပ် ၃၃၂၉ ဘီလျံကျော် မြင့်တက်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘဏ်ခွဲတစ်ခုတွင် ငွေရေးကြေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘဏ်ခွဲတစ်ခုတွင် ငွေရေးကြေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 7 December 2020
စည်သူအောင်

၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကျပ် ၁၅၁၀၀ ဘီလျံကျော် ရှိကာ သုံးနှစ်ကိုးလအတွင်း ကျပ် ၃၃၂၉ ဘီ လျံကျော်မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့်  Quarterly Financial Statistics Bulletion (2019 Volume IV) အရ သိရသည်။

၂၀၁၆ ခုနှစ် မတ်မှ ၂၀၁၉ ခုနှစ် ဒီဇင် ဘာအထိ မြန်မာနိုင်ငံအတွင်း လှည့်လည် သုံးစွဲနေသော ငွေစက္ကူတန်ဖိုးမှာ ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၁၁၇၇၁ ဘီလျံ၊ ၂၀၁၆ ခုနှစ် ဇွန်တွင် ကျပ် ၁၁၁၂၇ ဘီလျံ၊ ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၁၃၄၉ ဘီ လျံ၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၁၆၈၆ ဘီ လျံ၊ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၁၃၀၆၃ ဘီ လျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၂၁၆၄ ဘီ လျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၂၂၂၇ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၂၆၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၄၁၈၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၁၃၀၄၁ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင် ဘာတွင်  ကျပ် ၁၃၆၅၂ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၃၈၈၄ ဘီလျံ၊ ၂၀၁၉ ခုနှစ် မတ်တွင် ကျပ် ၁၄၅၅၀ ဘီလျံ၊ ၂၀၁၉ ခုနှစ် ဇွန်တွင် ကျပ် ၁၄၁၅၆ ဘီလျံ၊ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၅၄၉၀ ဘီလျံ၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၅၁၀၀ ဘီလျံရှိပြီး သုံးနှစ် ကိုးလအတွင်း မြန်မာနိုင်ငံ အတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ တန်ဖိုး ကျပ် ၃၃၂၉ ဘီလျံကျော် မြင့်တက်ခဲ့ ခြင်းဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ ၂၀၁၆ ခုနှစ် မတ်၌ နိုင်ငံတော်ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင်ခွင့်များ) မှာ Cash and Cash Equivalents ကျပ် ၁၇၁၉ ဘီလျံ၊ ရွှေ ကျပ် ဘီလျံ ၃၅၀၊ Placement with Foreign Banks ကျပ် ၃၇၆၁ ဘီလျံ၊ Deposit with Local Banks ကျပ် ၆၂၄ ဘီလျံ၊ IMF Related Assets ကျပ် ၂၉၈၂ သန်း၊ Other Assets (Foreign) ကျပ် ၅၂၃၉ သန်း၊ Domestic Securities ကျပ် ၁၂၂၃၄ ဘီလျံ၊ Loans to Bank ကျပ် ၁၃၁ သန်း၊ Property, Plant and Equipment ကျပ် ၁၄ ဘီလျံ၊ Other Assets (Domestic) ကျပ် ၁၃၉ ဘီလျံ စုစုပေါင်း ၁၈၉၈၄ ဒသမ ၆၂၄ ဘီလျံဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေ ရှင်းတမ်းအရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌ နိုင်ငံတော်ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင်ခွင့်များ) မှာ Cash and Cash Equivalents ကျပ် ၂၄၀၄ ဒသမ ၀၀၈ ဘီလျံ၊ ရွှေ ကျပ် ၅၂၆ ဒသမ ၆၆၂ ဘီလျံ၊ Placement with Foreign Banks  ကျပ် ၅၀၃၈ ဒသမ ၈၅၄ ဘီလျံ၊ Foreign Securities  ကျပ် ၅၆၇ ဒသမ ၉၁၄ ဘီလျံ၊ Deposit with Local Banks  ကျပ် ၇၅၅ ဒသမ ၀၀၉ ဘီလျံ၊ IMF Related Assets  ကျပ် ၄၈၇ သန်း၊ Other Assets (Foreign) ကျပ် ၂၈၇ သန်း၊ Domestic Securities ကျပ် ၁၅၁၃၀ ဒသမ ၉၇၈ ဘီလျံ၊ Loans to Bank  ကျပ် ၁၇၈ သန်း ၊ Property, Plant and Equipment  ကျပ် ၂၄ ဒသမ ၃၂၀ ဘီလျံ၊ Other Assets (Domestic)  ကျပ် ၁၄၀ ဒသမ ၄၇၃ ဘီလျံ၊ စုစုပေါင်း ကျပ် ၂၄၅၈၉ ဒသမ ၁၆၉ ဘီလျံ ဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်း တမ်းအရ ၂၀၁၆ ခုနှစ် မတ်၌ နိုင်ငံတော် ဗဟိုဘဏ်တွင်ရှိသော Liabilites (ပေးရန် တာဝန်များ) မှာ Bank Deposits (Foreign) ကျပ် ၈၄၅ ဘီလျံ၊ Foreign Institutions Deposits ကျပ် ၂၉၃ သန်း၊ IMF Related Liabilities ကျပ် ၄၂၁ ဘီလျံ၊ Other Liabilities (Foreign) ကျပ် ၁၇၄ သန်း၊ Government Deposits ကျပ် လေးဘီလျံ၊ Bank Deposits (Domestic) ကျပ် ၃၀၆၆ ဘီလျံ၊ Other Deposits ကျပ် ဘီလျံ ၃၇၀၊ Other Liabilities (Domestic) ကျပ် ၂၆၀ ဘီလျံ၊ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲ နေသော ငွေစက္ကူ Currency in Curculation ကျပ် ၁၁၇၇၁ ဘီလျံ၊ Equity and Reserves ကျပ် ၂၂၄၄ ဘီလျံရှိပြီး စုစုပေါင်း ၁၈၉၈၄ ဒသမ ၆၂၄ ဘီလျံဖြစ်ကြောင်း သိရ သည်။

နိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်း တမ်းအရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌ နိုင်ငံ တော်ဗဟိုဘဏ်တွင် ရှိသော Liabilites  (ပေးရန်တာဝန်များ) မှာ Bank Deposits (Foreign) ကျပ် ၅၆၃ ဒသမ ၄၇၈ ဘီလျံ၊ Foreign Institutions Deposits  ကျပ် ၃၅၈ သန်း၊ Borrowing From Foreign Institutions  ကျပ် ၁၁ ဒသမ ၉၂၇ ဘီလျံ၊ IMF Related Liabilities ကျပ် ၅၀၈ ဒသမ ၆၇၇ ဘီလျံ၊ Other Liabilities (Foreign)  ကျပ် ၃၂၁ သန်း၊ Government Deposits  ကျပ် ၄၁၅ ဒသမ ၂၁၅ ဘီလျံ၊ Bank Deposits (Domestic)  ကျပ် ၂၉၆၄ ဒသမ ၅၄၈ ဘီလျံ၊ Other Deposits  ကျပ် ၂၃၃ ဒသမ ၁၄၅ ဘီလျံ၊ Other Liabilities (Domestic) ကျပ် ၂၃၆ ဒသမ ၉၄၅ ဘီလျံ၊ မြန်မာ နိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေ စက္ကူ Currency in Curculation ကျပ် ၁၅၁၀၀ ဒသမ ၈၈၆ ဘီလျံ၊ Equity and Reserves ကျပ် ၄၅၅၃ ဒသမ ၆၆၈ ဘီလျံ ရှိပြီး စုစုပေါင်း ကျပ်၂၄၅၈၉ ဒသမ ၁၆၉ ဘီလျံဖြစ်သည်။

 

Most Read

Most Recent