လက်ရှိဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန်လေးသိန်းခွဲနီးပါး တင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှုတန်ချိန် တစ်သိန်းနှစ်သောင်းကျော်နှင့် တန်ဖိုးဒေါ်လာသန်း ၁၈၀ ကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန်လေးသိန်းခွဲနီးပါး တင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှုတန်ချိန် တစ်သိန်းနှစ်သောင်းကျော်နှင့် တန်ဖိုးဒေါ်လာသန်း ၁၈၀ ကျော် လျော့ကျ
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆီတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆီတစ်ခုကို တွေ့ရစဉ်
Published 5 December 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် လေးသိန်းခွဲနီး ပါးတင်သွင်းမှု ဒေါ်လာသန်း ၁၆၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန်တစ်သိန်းနှစ်သောင်းကျော်နှင့် ဒေါ်လာသန်း ၁၈၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ တစ်လခွဲခန့်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄၄၉၃၇၃ တန်တင်သွင်းမှုမှာ တန်ဖိုးဒေါ်လာ ၁၆၅ ဒသမ ၉၁၈ သန်းရှိသည်။

“ စက်သုံးဆီက ဒီဇယ်ရော၊ ဓာတ်ဆီရော တင်သွင်းမှုက ယခင်နှစ်ထက်လျော့တယ်။ ဒီဇယ်မှာ တန်ချိန် ၅၂၅၅၀ တန်လျော့ပြီး တန်ဖိုး ဒေါ်လာ ၁၀၂ ဒသမ ၅၀၆ သန်း လျော့တယ်။ ဓာတ်ဆီမှာ တန်ချိန် ၄၇၅၆၇ တန်လျော့ပြီး တန်ဖိုးဒေါ်လာ ၇၈ ဒသမ ၈၂၆ သန်းလျော့တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သို့ ပြောကြားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၁၂၇၁၁၇ တန်လျော့ကျခဲ့ပြီး တန်ဖိုးဒေါ်လာ ၁၈၁ ဒသမ ၃၃၂ သန်းလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဒီဇင်ဘာ ၅ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၉၅ မှ ၆၀၅ ကြား၊ Premium ဒီဇယ် တစ်လီတာ ကျပ် ၆၀၅ မှ ၆၁၅ ကြားရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ထို့အတူ ဓာတ်ဆီ (RON 92) တစ်လီတာ ကျပ် ၅၃၅ မှ ၅၆၅ ကြား၊ ဓာတ်ဆီ (RON 95) တစ်လီတာ ကျပ် ၆၆၅ မှ ၆၇၅ ကြား၊ ဓာတ်ဆီ (RON 97) တစ်လီတာ ကျပ် ၈၉၀ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယခုတစ်ပတ်အတွင်း ဓာတ်ဆီစျေးနှုန်းမှာ ၂ ဒသမ ၈၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒီဇယ်စျေးနှုန်းမှာ ၃ ဒသမ ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် Global Petrol Prices Website တွင် ဖော်ပြထားသည့်စျေးနှုန်းများအရ သိရသည်။

Global Petrol Prices Website တွင် ဖော်ပြထားသည့် စျေးနှုန်းမျာအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ နိုင်ငံအနက် စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၅၃ နိုင်ငံရှိပြီး စျေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံသည် တူရကီနိုင်ငံတွင် ယခင်တပတ်စျေးနှုန်းထက် ၅ ဒသမ ၉၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့စက်သုံးဆီစျေးနှုန်းမှာ ဓာတ်ဆီတစ်လီတာ ၁ ဒသမ ၀၂ ဒေါ်လာနှင့် ဒီဇယ်တစ်လီတာ သုည ဒသမ ၉၁ ဒေါ်လာရှိသည်။ မြန်မာနိုင်ငံ၏ စက်သုံးဆီစျေးနှုန်းမှာ ဓာတ်ဆီတစ်လီတာ သုည ဒသမ ၅၆ ဒေါ်လာနှင့် ဒီဇယ်တစ်လီတာ သုည ဒသမ ၄၈ ဒေါ်လာ ရှိသည်။

Most Read

Most Recent