မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ကန့်သတ်ချက်ဒဏ်ကြောင့် ဆိုးရွားစွာ ထိခိုက်နေဆဲဖြစ်ပြီး ဝယ်လိုအားနည်းပါးနေ၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များရရှိမှု ဆက်လက်ကျဆင်းနေ

မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ကန့်သတ်ချက်ဒဏ်ကြောင့် ဆိုးရွားစွာ ထိခိုက်နေဆဲဖြစ်ပြီး ဝယ်လိုအားနည်းပါးနေ၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များရရှိမှု ဆက်လက်ကျဆင်းနေ
ကုန်ထုတ်စက်ရုံများ လည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများ လည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 2 December 2020
စည်သူအောင်

မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ကန့်သတ်ချက်ဒဏ်ကြောင့် ဆိုးရွားစွာ ထိခိုက်နေဆဲဖြစ်ပြီး ဝယ်လိုအား နည်းပါးနေ၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များရရှိမှု ဆက်လက် ကျဆင်းနေကြောင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index - ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများ အခြေအနေမှာ နိုဝင်ဘာလအတွင်း ဆက်လက်ကျဆင်းလာခဲ့ပြီး ထုတ်လုပ်မှု၊ အော်ဒါအသစ်များ၊ အလုပ်နေရာများနှင့် ထည့်သွင်းကုန်ဝယ်ယူရေး လုပ်ငန်းများအားလုံး စံချိန်တင် တစ်ဟုန်ထိုး ကျဆင်းလာခဲ့သည်။

COVID-19 ကူးစက်မှု တိုးပွားလာနေခြင်းကို ထိန်းချုပ်ရန်ချမှတ်ခဲ့သည့် ကန့်သတ်ချက်များကို အကြောင်းပြုပြီး စက်ရုံများ ပိတ်ခဲ့ရခြင်းကို နောက်ဆုံးကျဆင်းမှု၏ အကြောင်းရင်းအဖြစ် ဖော်ပြကြသည်။

သို့သော်လည်း  စစ်တမ်းအညွှန်း အများအပြားတို့သည် ယခင်လ၏ အနိမ့်ဆုံးနေရာများမှ ပြန်တက်လာခဲ့ပြီး လက်ရှိကျဆင်းမှု သုံးလတာ ကာလအတွင်း အညင်သာဆုံး ဖြစ်သည်။ ကုမ္ပဏီများက လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုပမာဏ မြင့်တက်လာမည်ဟု မျှော်လင့်နေကြသော်လည်း အကောင်းမြင်မှုမှာ ခြုံပြောရလျှင် အားနည်းလျက် ရှိသည်။

စျေးနှုန်းများကို လေ့လာကြည့်လျှင် နောက်ဆုံး စစ်တမ်းကာလအတွင်း ထုတ်လုပ်မှုစရိတ်၏ ငွေကြေးဖောင်းပွမှုမှာ အရှိန်ရလာခဲ့ပြီး စစ်တမ်းထဲ ပါဝင်ဖြေကြားသူတို့က ကုန်ကြမ်းရှားပါးမှုကို မကြာခဏ ထောက်ပြခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် စက်ရုံရောင်းစျေးများ ကျဆင်းလာမှုကို ရောင်းချရမှုကို မြှင့်တင်ရန် အားထုတ်မှုများနှင့် ဆက်စပ်ဖော်ပြကြသည်။

နိုဝင်ဘာအတွက် မြန်မာနိုင်ငံ၏ PMI  အညွှန်းကိန်းမှာ ၄၃ ဒသမ ၂ ဖြစ်ပြီး အောက်တိုဘာအညွှန်းကိန်း ၃၀ ဒသမ ၆ မှ တက် လှမ်းနိုင်ခြင်းဖြစ်သည်။လုပ်ငန်းအခြေအ နေများမှာ ကျဆင်းမှုကို ထပ်ပြီးအချက်ပြနေ သည့်တိုင်အောင် နောက်ဆုံးဂဏန်းက မြန် မာနိုင်ငံ၏ထုတ်လုပ်နေရးကဏ္ဍ ပြန်လည် နာလန်ထူနိုင်မည့် လှုပ်ရှားမှုကို ညွှန်ပြနေ သည်။

စက်ရုံလုပ်ငန်းများကို ရပ်တန့်ထားရကာ ဝယ်လိုအားပျော့လာချိန်မှာ PMI ထဲ တွင် ၈၅ ရာခိုင်နှုန်းအထိ အလေးပေးထည့် တွက်ရသည့်အပိုင်းများဖြစ်ကြသည့် ထုတ်လုပ်မှု၊ အော်ဒါအသစ်များ၊ ထည့်သွင်းကုန် ဝယ်ယူသိုလှောင်မှုများနှင့် အလုပ်နေရာများမှာ နိုဝင်ဘာလတွင် အဓိကအကျဆုံး အညွှန်းကိန်းအပေါ်သို့ လေးလံစွာ ဖိစီးလာကြသည်။ Lockdown ကန့်သတ်ချက်များကြောင့် အလုပ်သမားများ မိမိတို့ဇာတိ နေရပ်များများသို့ ဆက်ပြန်နေရသောကြောင့် အလုပ်နေရာများ တစ်ဟုန်ထိုး ဖြတ်တောက်ခံခဲ့ရသည်။ ဤအတောအတွင်း အနာဂတ်လများတွင် ဝယ်လိုအားမ ရေမရာဖြစ်နေမှု၏ ဖိစီးမှုကြောင့် ဝယ်ကုန်ပမာဏများမှာ စစ်တမ်းစတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစပြီး အားအကောင်းဆုံးနှုန်းဖြင့် ကျဆင်းသွားခဲ့သည်။

ကုမ္ပဏီများက နိုဝင်ဘာလအတွင်း အော်ဒါအသစ်များကို လျော့ပြီးရရှိခဲ့ကြောင်း အစီရင်ခံခဲ့ကြသည်။ ခြုံပြောရလျှင် ကျဆင်းမှုနှုန်းမှာ အားကောင်းခဲ့သော်လည်း နောက်ဆုံးသုံးလပတ်အစတွင် မြင်တွေ့ခဲ့ရသည်နှင့်စာလျှင် သိသိသာသာအားပျော့လာခဲ့သည်။ အော်ဒါအသစ်များနှင့် ထုတ်လုပ်မှု၏နောက် ဆုံးကျဆင်းမှုက လုပ်သားအင်အားကို ထပ်ပြီးကျဆင်းစေခဲ့သည်။

ထုတ်လုပ်မှုစရိတ်များမှာ ဒုတိယမြောက် အဖြစ် ဆက်တိုက်မြင့်လာခဲ့ရာ ဖြေကြားခဲ့သူ တို့က ကုန်ကြမ်းပစ္စည်းများရှားပါးမှုနှင့် ပို့ ဆောင်ရေးစရိတ်များမြင့်တက်လာမှုနှင့် ဆက်စပ်ရှင်းပြကြသည်။ ဤအတောအတွင်း  ထုတ်ကုန်အတွက် တောင်းဆိုကြသည့် စျေး နှုန်းများမှာမူ ကိုးလဆက်တိုက် မသိမသာကျ ဆင်းလာခဲ့သည်။

နောက်ဆုံးအနေနှင့် လုပ်ငန်းများ၏ ယုံကြည်မှုမှာ နောက်ဆုံး သုံးလပတ်အလယ်တွင် အပြုသဘော ဆောင်နေဆဲ ဖြစ်သည်။ လာမည့် တစ်နှစ်အတွင်းမှာ ထုတ်လုပ်မှုကို တိုးချဲ့ပြီး စက်ပစ္စည်းများထဲသို့ ရင်းနှီးမြှုပ်နှံရန် စီမံထားကြောင်း ကုမ္ပဏီများက အစီရင်ခံကြသည်။ အကောင်းမြင်မှုမှာ သုံးလအတွင်း အားအကောင်းဆုံး ဖြစ်သော်လည်း စစ်တမ်းဒေတာ သမိုင်းထဲတွင် အားနည်းနေဆဲ ဖြစ်သည်။

အဆိုပါစစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က “ မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍမှာ နောက်ဆုံး Lockdown ကန့်သတ်ချက်တွေကြောင်း အပြင်းအထန် ထိခိုက်နေဆဲ ဖြစ်ပါတယ်။ အော်ဒါအသစ်တွေ၊ ထုတ်လုပ်မှုနဲ့ ဝယ်ကုန်တွေအားလုံး နိုဝင်ဘာမှာ သိသိသာသာ ကျဆင်းသွားချိန်မှာ အလုပ်နေရာ ဖြတ်တောက်ခံရမှုကလည်း အရှိန်ပိုရလာပါတယ်။ လုပ်ငန်းအခြေအနေ တစ်ရပ်လုံး နောက်ဆုံးကျဆင်းခဲ့မှုက ပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီ-ဇွန် ကာလတုန်းကပမာဏနဲ့ တူပါတယ်”ဟု ပြောကြားသည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်း ရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်း ဖြစ်သည်။

Most Read

Most Recent