လိင်ငရဲခန်းက လွတ်မြောက်လာသူတွေကို ဘယ်လိုဖေးကူသင့်သလဲ

လိင်ငရဲခန်းက လွတ်မြောက်လာသူတွေကို ဘယ်လိုဖေးကူသင့်သလဲ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် အကျႌများဝတ်ဆင်၍ Women for Justic (WJ) အဖွဲ့က ကလေးမြို့အဝင်မုခ်ဦးတွင် ကမ်ပိန်းပြုလုပ်စဉ် (Photo: Wj Facebook)
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် အကျႌများဝတ်ဆင်၍ Women for Justic (WJ) အဖွဲ့က ကလေးမြို့အဝင်မုခ်ဦးတွင် ကမ်ပိန်းပြုလုပ်စဉ် (Photo: Wj Facebook)
Published 30 November 2020
သိင်္ဂီဝင်းထွန်း

သမီးရည်းစား ပြတ်စဲကြတဲ့အခါ အမျိုးသမီးတွေကို သူတို့ရဲ့ ကိုယ်ရေးအချက်အ လက်တွေရှိကြောင်းနဲ့ ဒီလို ဝက်ဘ်ဆိုက် တွေမှာတင်ပြီး အရှက်ခွဲလို့ရကြောင်းအကျပ် ကိုင်တာတွေလုပ်ပြီး ကိုယ်လိုချင်တာကို ထပ်မံရအောင် ပြုလုပ်တာမျိုးတွေ၊ အဲဒီအချက်အလက်တွေနဲ့ ထပ်တလဲလဲ ခြိမ်းခြောက်နေတာမျိုးတွေ ရှိခဲ့တယ်လို့ ဒါကိုကြုံတွေ့ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“သူက ဒီဗီဒီယိုတွေ ပုံတွေနဲ့ အမြဲခြိမ်း ခြောက်တယ်။ ကိုယ်တကယ်ကြောက်မှန်း လည်း သူက သိနေတာကိုး။ အိမ်ကသိမှာ ကြောက်လေ အိမ်ကိုပို့မယ်ပြောလေပဲ။ ဒါပေမဲ့ စဉ်းစားကြည့်လေ ဒီလို စိတ်ထားယုတ် ညံ့တဲ့ကောင်မျိုးကို ဒါတွေကြောင့် သည်းခံပြီး နေရမှာလား။ ဒီလိုလူမျိုးနဲ့လည်း တစ် သက်လုံး လက်တွဲသွားရမှာကိုလည်း ရွံတယ် လေ။ ဒါကြောင့် ဒီကိစ္စကို ရင်ဆိုင်ဖို့ကိုပဲ စဉ်းစားလိုက်တယ်”လို့ သူက ဆိုပါတယ်။

 

Most Read

Most Recent