ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း အဆင့် (၂) တောင်ငူ-မန္တလေးအပိုင်းရှိ ဆွာဘူတာတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းအပါအဝင် မြန်မာ့မီးရထားမှ တည်ဆောက်ရေး လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါများခေါ်ယူ

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း အဆင့် (၂) တောင်ငူ-မန္တလေးအပိုင်းရှိ ဆွာဘူတာတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းအပါအဝင် မြန်မာ့မီးရထားမှ တည်ဆောက်ရေး လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါများခေါ်ယူ
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း အဆင့် (၁)  လုပ်ငန်းခွင် တစ်နေရာအားတွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့)
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း အဆင့် (၁)  လုပ်ငန်းခွင် တစ်နေရာအားတွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့)
Published 20 November 2020
ရွှန်းလဲ့ဝင်း

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အအဆင့်မြှင့်တင်ခြင်းစီမံကိန်း အဆင့်(၂) တောင်ငူ-မန္တလေး အပိုင်းရှိ ဆွာဘူတာတွင် ဝန်ထမ်းအိမ်ယာတည်ဆောက်ခြင်း အပါအဝင် မြန်မာ့မီးရထားမှ တည်ဆောက်ရေး လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါများ ခေါ်ယူထားကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အအဆင့်မြှင့်တင်ခြင်းစီမံကိန်း အဆင့် ၁ ၏ ဖြူးဘူတာနှင့် ညောင်လေးပင်ဘူတာယာဒ်ဝင်းရှိ ဝန်ထမ်းများအိမ်ယာတည်ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါများခေါ်ယူထားကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အအဆင့်မြှင့်တင်ခြင်းစီမံကိန်း(ညောင်လေးပင်-တောင်ငူ) အပိုင်းရှိ ဖြူးဘူတာတွင် ကြီးကြပ်ရေးဝန်ထမ်းများအတွက် နှစ်ခန်းတွဲ တစ်လုံးဆောက်လုပ်ခြင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း(ပဲခူး-ညောင်လေးပင်) အပိုင်းရှိ ညောင်လေးပင်ဘူတာယာဒ်ဝင်းအတွင်း  ဝန်ထမ်းများအတွက် လေးခန်းတွဲ တစ်လုံးဆောက်လုပ်ခြင်း၊ ရန်ကုန်-မန္တလေးအပိုင်း ကူမဲလမ်း-မြစ်သားကြား မိုင်တိုင် ၃၄၃ ရှိ တံတားတည်ဆောက်ခြင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း အဆင့် (၁)  ရန်ကုန်-တောင်ငူလမ်းပိုင်း ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းဖြစ်သည်။ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အအဆင့်မြှင့်တင်ခြင်းစီမံကိန်း အဆင့် ၁ ၏ ညောင်လေးပင်-တောင်ငူရထားလမ်းပိုင်း၌ သံလမ်းအသစ်များ လဲလှယ်ခြင်းနှင့်အတူ တံတားအသစ်လေးစင်းနှင့် ပြွန်တံတား ၁၀၅ စင်း တည်ဆောက်ခြင်းနှင့်အတူ ဘူတာရုံများတွင် ပလက်ဖောင်းမြှင့်တင်ခြင်းလုပ်ငန်းများ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေးရထား လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း အဆင့် ၁ ၏ ညောင်လေးပင်-တောင်ငူ ရထားလမ်းပိုင်း ၁၁၆ ကီလိုမီတာ (၇၂မိုင်)  အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိသည်။

မီးရထားသံလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင် JISSON သံလမ်းအသစ်များ လဲလှယ်ခြင်းနှင့်အတူ ရထားအချက်ပြနှင့် ရထားလမ်းကူး လုံခြုံရေးစနစ်တို့အား အဆင့်မြှင့်တင်ခြင်း၊ တံတားအသစ်လေးစင်းနှင့် ပြွန်တံတား ၁၀၅စင်းတို့ကို တည်ဆောက်မည်ဖြစ်ပြီး တော်ဝိ၊ ပိန်းဇလုပ်၊ သူဌေးကုန်း၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ကညွှတ်ကွင်း၊ ညောင်ပင်သာ၊ ဖြူး၊ ဇေယျဝတီ၊ ညောင်ခြေထောက်၊ ကျွဲပွဲ၊ ဘန့်ဘွေးကွင်း၊ သောင်းတိုင်ကုန်း၊ တောင်ငူမြို့ရှိ ဘူတာရုံများတွင် ပလက်ဖောင်းမြှင့်တင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent