လီဗာပူးလ်အသင်း၏ အဓိကနောက်ခံလူ (၄)ဦးထဲမှ ဗန်ဒိုက်နှင့် အာနိုးလ်တို့အပြီး ဂျိုးဂိုးမက်ဇ် ဒဏ်ရာထပ်ရခဲ့ပြီး ကာလရှည်အနားယူရမည်

လီဗာပူးလ်အသင်း၏ အဓိကနောက်ခံလူ (၄)ဦးထဲမှ ဗန်ဒိုက်နှင့် အာနိုးလ်တို့အပြီး ဂျိုးဂိုးမက်ဇ် ဒဏ်ရာထပ်ရခဲ့ပြီး ကာလရှည်အနားယူရမည်
Photos: Getty Images & PA
Photos: Getty Images & PA
Published 13 November 2020

လီဗာပူးလ်အသင်း၏ အဓိက နောက်ခံလူ (၄)ဦးထဲမှ (၃)ဦးမြောက်ကစားသမား ဒဏ်ရာရရှိမှုအဖြစ် အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဂျိုးဂိုးမက်ဇ်သည် ကာလရှည်အနား ယူရတော့မည်ဖြစ်ကြောင်း သိရှိရသည်။

    

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် အဲဗာတန်အသင်းနှင့် ကစားသည့်ပွဲစဉ်၌ ဗန်ဒိုက်ဒဏ်ရာရရှိခဲ့ပြီး၊ မန်စီးတီးအသင်းနှင့် ကစားသည့်ပွဲစဉ်၌ အာနိုးလ်ဒဏ်ရာရရှိခဲ့သည်။

 ယခုအခါ အင်္ဂလန်အသင်းအတွက် သွားရောက်ကစားပေးနေသည့် ဂျိုးဂိုးမက်ဇ်သည် လက်ရွေးစင်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် ထပ်မံဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ 

ဂျိုးဂိုးမက်ဇ်သည် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုအလျင်အမြန်ပြုလုပ်ခဲ့ပြီးနောက်  အောင်မြင်မှုရရှိခဲ့သည်ဟု လီဗာပူးလ်အသင်းက ထုတ်ပြန်ခဲ့သည်။ 

ဒဏ်ရာကြောင့် အနားယူရမည့် အချိန်ကာလအတိအကျကို ဖော်ပြခြင်းမရှိသော်လည်း ၂၀၂၀-၂၁ တစ်ရာသီလုံးနားရလောက် သည်အထိ ဖြစ်နိုင်ဖွယ်မရှိဟု ဆိုခဲ့သည်။ 

သို့ရာတွင် တစ်ရာသီလုံးနီးပါးဖြစ်နိုင်သည်ဟုဆိုခဲ့ပြီး ဂျိုးဂိုးမက်ဇ်၏ ခွဲစိတ်ဒဏ်ရာအမျိုးအစားမှာ ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာယူရသည့် အမျိုးအစားဖြစ်သည်ဟုလည်း မီဒီယာများက ဆိုသည်။ 

ယင်းအတွက်ကြောင့် ဂျိုးဂိုးမက်ဇ်သည် လီဗာပူးလ်အသင်း၏ လက်ကျန်ပွဲစဉ်အားလုံးနီးပါးကို လွဲချော်မည်ဖြစ်သလို၊ လာမည့်နှစ်တွင် ကျင်းပမည့် ယူရို-၂၀၂၀ ပြိုင်ပွဲ၌ အင်္ဂလန်အသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခွင့်ကိုပါ လွဲချော်နိုင်သည့် အနေအထားလည်း ဖြစ်သည်။

    

လီဗာပူးလ်အသင်းသည် ဂျိုးဂိုးမက်ဇ်ဒဏ်ရာရခဲ့ပြီးနောက် နောက်ခံအတွင်းလူနေရာအတွက် တတိယဦးစားပေးကစားသမား မာတစ်နှင့် လူငယ်ကစားသမားများသာ ကျန်ရှိတော့ပြီး၊ ယင်းနေရာတွင် ဆင်းကစားနိုင်သည့် ဖာဘင်ညိုကိုလည်း နိုင်ငံတကာပွဲစဉ်များအပြီးတွင် ပြန်ကောင်းလာရန် မျှော်လင့်နေကြောင်း သိရှိရသည်။ 

Most Read

Most Recent