ပိုပေးခဲ့သည့် ပေါင်(၉)သန်းကို ပြန်လည်ရလိုမှုဖြင့် နေမာအား ဘာစီလိုနာအသင်း တရားစွဲ

ပိုပေးခဲ့သည့် ပေါင်(၉)သန်းကို ပြန်လည်ရလိုမှုဖြင့် နေမာအား ဘာစီလိုနာအသင်း တရားစွဲ
Published 12 November 2020

ဘာစီလိုနာအသင်းသည် အခွန်တွက်ချက်မှု မှားယွင်းခြင်းကြောင့် နေမာအား ပိုပေးခဲ့ရသည့်ငွေကြေးများကို ပြန်လည်ရယူလိုနေကြောင်း စပိန်သတင်းစာ El Mundo က ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းသည် PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာအား အသင်းတွင် ကစားခဲ့စဉ်က အခွန်တွက်ချက်မှုမှားယွင်းကာ ပိုပေးခဲ့သည့် ပေါင် (၉)သန်းကို ပြန်လည်ရလိုမှုဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။ 

၂၀၁၇ ခုနှစ်တွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် နေမာသည် ယခင်က ဘာစီလိုနာအသင်းကို ဆုကြေးငွေပေါင် (၃၈) သန်း ရလိုမှုဖြင့် တရားစွဲဆိုခဲ့ဖူးသူဖြစ်သည်။ 

သို့သော် ယင်းအမှုတွင် နေမာ ရှုံးနိမ့်ခဲ့ပြီး ဘာစီလိုနာအသင်းကို ပေါင် (၅.၉)သန်း ပေးချေရန် တရားရုံးက အမိန့် ချမှတ်ခဲ့သည်။ 

ယခုအခါ ဘာစီလိုနာအသင်းသည် အခွန်တွက်ချက်မှု မှားယွင်းခြင်းကြောင့် နေမာအား ပိုပေးခဲ့ရသည့်ငွေကြေးများကို ပြန်လည်ရယူလိုနေကြောင်း စပိန်သတင်းစာ El Mundo က ဖော်ပြခဲ့သည်။ 

El Mundo ၏ ဖော်ပြချက်အရ ၂၀၁၅ ဘဏ္ဍာရေးရှင်းတမ်းတွင် ဘာစီလိုနာအသင်းသည် ထိုစဉ်က အသင်းကစားသမားဖြစ်သူ နေမာအား ပေးချေရမည့် ငွေကြေးထက် ပေါင် (၉)သန်း ပိုပေးခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည် နေမာအား မှားယွင်းကာပေးချေခဲ့သည့် ပေါင် (၉)သန်းကို ပြန်လည်ရယူလိုမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

သို့သော် အကောက်ခွန်အေဂျင်စီကမူ ယင်းပြဿနာကို မဖြေရှင်းနိုင်ပါက ဘာစီလိုနာအသင်းအနေဖြင့် နေမာအား ပေါင် (၉)သန်း ပိုပေးခဲ့သည့်လုပ်ရပ်မှာ အသင်းက ကစားသမားကို လှူဒါန်းရာကျသည်ဟု အသိပေးထားကြောင်း သိရသည်။ 

Most Read

Most Recent