မန်ယူအသင်း၏ ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ်က မိမိကို မန်ယူအသင်းဖော်များ ခေါ်ဝေါ်သည့် နာမည်ပြောင်အတွက် ကျေနပ်အားရပြီး ဂုဏ်ယူမိသည်ဟု ပြောကြားခဲ့သည်။

အသက် (၂၇)နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ ဖရက်ဒ်အား မန်ယူအသင်း လေ့ကျင့်ရေးကွင်းတွင် အသင်းဖော်များက "Pastor Fred" (သင်းအုပ်ဆရာဖရက်ဒ်)ဟု ခေါ်ဝေါ်လေ့ရှိကြသည်။

၎င်းက MUTV နှင့် တွေ့ဆုံရာ၌ သူ၏အမည်ပြောင်နှင့် ပတ်သက်၍ "ဒါဟာ ဘာသာတရားအပေါ် ကျွန်တော် လုံးလုံးလျားလျား သက်ဝင်ယုံကြည်တာကြောင့် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ဟာ ကိုယ်ယုံကြည်သက်ဝင်တဲ့ ဘာသာတရားအကြောင်းကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောဆိုရတာ သဘောကျပါတယ်။ ဒါကြောင့်မို့လို့ မန်ယူအသင်းဖော်တွေက ကျွန်တော့်ကို သင်းအုပ်ဆရာဖရက်ဒ်ဆိုတဲ့ နာမည်ပြောင်ပေးကြတယ် လို့ထင်ပါတယ်။ ဒါကို ကျွန်တော် ကျေနပ်ပါတယ်" ဟုပြောကြားခဲ့သည်။















