ရီးယဲလ်ကို အနိုင်ကစားပြီး ဘာစီလိုနာ၊ အင်တာမီလန်ပရိသတ်များနှင့်အတူ အောင်ပွဲခံလိုသည်ဟု ဗီဒယ်လ် ဆို

ရီးယဲလ်ကို အနိုင်ကစားပြီး ဘာစီလိုနာ၊ အင်တာမီလန်ပရိသတ်များနှင့်အတူ အောင်ပွဲခံလိုသည်ဟု ဗီဒယ်လ် ဆို
Photo: Getty Images
Photo: Getty Images
Published 3 November 2020

အင်တာမီလန်ကွင်းလယ်လူ ဗီဒယ်လ်က မိမိအနေဖြင့် ရီးယဲလ်ကို အနိုင်ကစားပြီး ဘာစီလိုနာ၊ အင်တာမီလန်ပရိသတ်များနှင့်အတူ အောင်ပွဲခံလိုသည်ဟု ပြောကြားခဲ့သည်။ 

ချီလီဝါရင့်ကွင်းလယ်လူ ဗီဒယ်လ်သည် ဘာစီလိုနာအသင်းတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလကမှ အင်တာမီလန်အသင်းသို့ ရောက်ရှိလာသူဖြစ်သည်။ 

အင်တာမီလန်နှင့် ရီးယဲလ်အသင်းတို့သည် ယခုရာသီ ချန်ပီယံလိဂ် အုပ်စု (B) တွင် အတူကျရောက်နေပြီး ပွဲစဉ် (၂)အပြီးတွင် အင်တာမီလန်က (၂)မှတ်၊ ရီးယဲလ်အသင်းက (၁)မှတ် ရရှိထားပြီး အုပ်စုပွဲစဉ် (၃)အဖြစ် ယနေ့တွင် ၎င်းတို့(၂)သင်းသည် ရီးယဲလ်အိမ်ကွင်း၌ ကစားရမည်ဖြစ်သည်။ 

ဗီဒယ်လ်က "ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ဘာစီလိုနာမှာ ကျွန်တော် (၂)နှစ် ကစားခဲ့ပါတယ်။ ဒါကြောင့် ရီးယဲလ်ကို အနိုင်ကစားပြီး ဘာစီလိုနာ၊ အင်တာမီလန်ပရိသတ်တွေနဲ့အတူ အောင်ပွဲခံချင်ပါတယ်။ အဲဒီအတွက် အစွမ်းကုန် ကြိုးစားမှာပါ"ဟု ပြောကြားခဲ့သည်။ 

အသက် (၃၃)နှစ်အရွယ်ရှိ ဗီဒယ်လ်သည် ယခုရာသီတွင် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲ ကစားပေးထားသည်။ 

Most Read

Most Recent