ကိုရီးယား ရုပ်ရှင်ကောင်စီက ဒစ်ဂျစ်တယ် ပြောင်းလဲထိန်းသိမ်းပေးသည့် ‘ဘယ်သူပြိုင်လို့လှပါတော့နိုင်’ ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်နှစ် ၁၀၀ ပြည့်အဖြစ်ဂုဏ်ပြုပေးအပ်

ကိုရီးယား ရုပ်ရှင်ကောင်စီက ဒစ်ဂျစ်တယ် ပြောင်းလဲထိန်းသိမ်းပေးသည့် ‘ဘယ်သူပြိုင်လို့လှပါတော့နိုင်’ ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်နှစ် ၁၀၀ ပြည့်အဖြစ်ဂုဏ်ပြုပေးအပ်
Published 2 November 2020

ကိုရီးယားရုပ်ရှင်ကောင်စီမှ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲ ထိန်းသိမ်းပေးထားသည့် ‘ဘယ်သူ ပြိုင်လို့လှပါတော့နိုင်’  ရုပ်ရှင်ဇာတ်ကားကို မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် ဂုဏ်ပြုအမှတ်တရအဖြစ် ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

‘ဘယ်သူပြိုင်လို့လှပါတော့နိုင်’ ရုပ်ရှင်ဇာတ်ကား၏ Digital version နှင့် မူရင်းဖလင်များကို မြန် မာ့ရုပ်ရှင်မြှင့်တင်ရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားမှာ ၁၉၇၃ ခုနှစ်တွင် ဒါရိုက်တာဦးသုခ ရိုက်ကူးပုံဖော်ထားသော ဇာတ်ကားဖြစ်ပြီး မြန်မာနိုင်ငံအတွင်း စာမတတ်သူ ပပျောက် ရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့် တက္ကသိုလ်နှင့်ကောလိပ် အသီးသီးမှ ကျောင်းသားကျောင်းသူများ၏ စေတနာအလှနှင့် လုပ်အားပေး အတွေ့အကြုံများကိုအခြေ ခံကာ ပုံဖော်ထားသည့်ဇာတ်ကား ဖြစ်သည်။ ကမ္ဘာ့ဆရာများနေ့ကို ရည်မှန်းပုံဖော်ထားခြင်းဖြစ်ကာ သရုပ်ဆောင်ဇော်ဝမ်း၊ အံ့ကျော်၊ တင်တင်ညိုနှင့်သရုပ်ဆောင်များ စွာပါဝင်ထားသည်။ ၁၉၇၃ ခုနှစ်အ တွက်ပေးအပ်သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားဆု၊ ဒါရိုက်တာဆုနှင့် အမျိုးသားဇာတ် ပို့ဆုများဆွတ်ခူးရရှိထားသည့် ဇာတ်ကားဖြစ်သည်။

ကိုရီးယားရုပ်ရှင်ကောင်စီသည် အာဆီယံနိုင်ငံများရှိသမိုင်းဝင် ရုပ်ရှင်ဇာတ်ကားများကို ပြန်လည်ဖော်ထုတ်နိုင်ရေးအတွက် 2019 Asean Film Digitization Project ကို အကောင်အထည်ဖော် ရာတွင် မြန်မာနိုင်ငံမှယင်းဇာတ်ကားကို ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲ ပေးခဲ့ခြင်းဖြစ်သည်။ ယခုနှစ် အောက်တိုဘာ ၁၃ ရက်တွင်ကျ ရောက်သည့် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ဂုဏ်ပြုအဖြစ် ယင်းဇာတ်ကား ကို ပေးအပ်ခဲ့ကာ တရုတ်နိုင်ငံမှလည်း ‘ငဘ’ ရုပ်ရှင်ဇာတ်ကားကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲပေး အပ်ခဲ့ကြောင်းသိရသည်။ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ဂုဏ်ပြုအဖြစ် ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားကောင်းများ ကိုဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲ ထိန်းသိမ်းနိုင်ရန်ကြိုးပမ်းလျက်ရှိ ကြောင်းသိရသည်။ လက်ရှိတွင် ‘မြဂနိုင်’ ၊ ‘ပျို့ချစ်လင်’၊ ‘မှုန်ရွှေရည်’၊ ‘ဂျပန့်ရင်သွေး’၊ ‘ငဘ’ နှင့် ‘ဘယ်သူ ပြိုင်လို့လှပါတော့နိုင်’ ဇာတ်ကား များအား digital restoration ပြု လုပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ အခြားသောမြန်မာဂန္တဝင်ဇာတ်ကားများကို ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလျက်ရှိကာ ရုပ်ရှင်မြှင့်တင်ရေးဌာန နှင့် Stave Myanmar Film တို့  ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ် ကြောင်းသိရသည်။

Most Read

Most Recent