ပိုချက်တီနိုအား နည်းပြသစ်အဖြစ်ခန့်အပ်ရန် မန်ချက်စတာမြို့ခံ (၂)သင်းစလုံးက ပစ်မှတ်ထားနေဟု ဗြိတိန်မီဒီယာများ ဖော်ပြ

ပိုချက်တီနိုအား နည်းပြသစ်အဖြစ်ခန့်အပ်ရန် မန်ချက်စတာမြို့ခံ (၂)သင်းစလုံးက ပစ်မှတ်ထားနေဟု ဗြိတိန်မီဒီယာများ ဖော်ပြ
Photos: Getty Images
Photos: Getty Images
Published 12 October 2020

စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုအား နည်းပြ သစ်အဖြစ် ခန့်အပ်ရန် မန်ချက်စတာမြို့ခံအသင်း (၂)သင်း ဖြစ်သည့် မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့က အပြိုင် ပစ်မှတ်ထားနေကြကြောင်း ဗြိတိန်သတင်းစာများက ဖော် ပြခဲ့ကြသည်။ 

လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ မန်ချက်စတာ (၂)သင်းစလုံး အခြေအနေဆိုးရွားလျက်ရှိနေရာ မန်ယူ နည်းပြ ဆိုးလ်ရှား၏အနာဂတ်မှာ လှုပ်ခတ်လျက်ရှိနေသလို၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၏အနာဂတ်နှင့်ပတ်သက်၍ လည်း သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။ ပရီးမီးယား လိဂ်ပွဲစဉ် (၄)ကစားအပြီးတွင် (၃)ပွဲစီကစားထားကြသော မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့မှာ နိုင်ပွဲ (၁)ပွဲစီသာရ ရှိထားပြီး အဆင့် (၁၄)၊ (၁၆)နေရာများသို့ အသီးသီးရောက် ရှိနေသည်။ ပိုချက်တီနိုမှာ ၂၀၁၉ နိုဝင်ဘာလအတွင်း စပါး အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး အသင်းလက်မဲ့ ဖြစ်နေသည်မှာ (၁)နှစ်နီးပါး ရှိသွားခဲ့ပြီဖြစ်သည်။

 

မန်ချက်စတာ(၂)သင်းအပြင် စပိန်အသင်းကြီး(၂) သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတို့၏ ပစ်မှတ်ထားမှုကိုလည်းခံနေရသူ ပိုချက်တီနိုက ၎င်းင်းအနေ ဖြင့် အချိန်ကာလအတိုင်းအတာတစ်ရပ် အနားယူခဲ့ပြီးဖြစ် ၍ နည်းပြလောကသို့ပြန်လာရန် ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြောကြားထားသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်များကတည်း က မန်ယူအသင်းသည် ဆိုးလ်ရှား၏နေရာကို ပိုချက်တီနို နှင့် အစားထိုးတော့မည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် ခဲ့ပြီး ဘွတ်ကီဒိုင်များ၏ရေပန်းစားမှုတွင်လည်း ပိုချက်တီနိုမှာ အလေးပေးချက်အပြတ်အသတ်ဖြင့် ဦးဆောင် ခဲ့သည်။ 

ယခုမန်ယူအသင်းအပြင် မန်စီးတီးအသင်းကပါ ၎င်းကို နည်းပြအဖြစ်ခန့်အပ်ရန် ပစ်မှတ်ထားနေကြောင်း သတင်း များထွက်ပေါ်လာခြင်းဖြစ်သည်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ယနေ့အချိန်အထိ မန်စီးတီးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခြင်းမရှိသေးဘဲ သူ၏ စာချုပ်သက်တမ်းမှာ လည်း (၇)လခန့်သာ ကျန်ရှိတော့ကြောင်းသိရှိရသည်။ သို့ ဖြစ်ရာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်း ရလဒ်များ ဆိုးရွားချိန်၌ ဂွါဒီယိုလာ၏ အနာဂတ်လှုပ်ခတ်သောသတင်း များလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 

ပိုချက်တီနိုသည်  နည်းပြဘဝတွင် သူကိုင်တွယ်သည့် ကလပ်အသင်းများအား ဆုဖလား တစ်ကြိမ်တစ်ခါမျှရယူ ပေးနိုင်ခြင်းမရှိသော်လည်း စပါးအသင်းအား ငွေကြေးအကျပ်အတည်းရှိနေသည့်အနေအထားမှ ချန်ပီယံလိဂ်ဗိုလ် လုပွဲအဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ခြင်းနှင့် အင်အားတောင့်တင်းသည့် ဥရောပအသင်းတစ်သင်းဖြစ် လာအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းများကြောင့် ဥရောပအသင်း ကြီးများ၏ ပစ်မှတ်နည်းပြဖြစ်လာခြင်းဖြစ်ကြောင်း ဗြိတိန် သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

Most Read

Most Recent