ရီးယဲလ်ကစားသမား ဟာဇက်၏ စျေးကွက်တန်ဖိုး ယူရိုသန်း (၆၀)သာရှိတော့ပြီး (၂)နှစ်အတွင်း ယူရိုသန်း (၉၀)အထိ ကျဆင်းသွားခဲ့ခြင်းဖြစ်

ရီးယဲလ်ကစားသမား ဟာဇက်၏ စျေးကွက်တန်ဖိုး ယူရိုသန်း (၆၀)သာရှိတော့ပြီး (၂)နှစ်အတွင်း ယူရိုသန်း (၉၀)အထိ ကျဆင်းသွားခဲ့ခြင်းဖြစ်
Photos: Getty Images
Photos: Getty Images
Published 12 October 2020

ရီးယဲလ်မက်ဒရစ်အသင်း၏ဘယ်လ်ဂျီယံလက်ရွေးစင် အသင်း ခေါင်းဆောင် ဟာဇက် (၂၉ နှစ်)၏ လက်ရှိစျေးကွက်တန်ကြေးမှာ ယူရိုသန်း (၆၀)သာရှိတော့ပြီး (၂)နှစ်အတွင်း ယူရိုသန်း (၉၀)အထိ ကျဆင်းသွားခဲ့ကြောင်း နာမည်ကျော် အားကစား စျေးကွက်ဝက်ဘ်ဆိုက်တစ်ခုဖြစ် သည့် Transfermarkt က ထုတ်ပြန်ခဲ့သည်။

ဟာဇက်သည် ပြီးခဲ့သည့် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်းမှ ရီးယဲလ်အသင်း သို့ ယူရိုသန်း (၁၀၀)ဖြင့် ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး ရီးယဲလ်အသင်းတွင် ကိုယ်ခန္ဓာအလေးချိန်မြင့်တက်မှုများ၊ ဒဏ်ရာပြဿနာများနှင့်အတူ ပုံမှန် ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရသူဖြစ်သည်။ ဟာဇက်သည် ရီးယဲလ်အသင်းအ တွက် လက်ရှိအချိန်တွင် ပြိုင်ပွဲစုံ (၂၂)ပွဲသာ ကစားပေးထားနိုင်ပြီး (၁)ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။

ရီးယဲလ်အသင်းသည် ဟာဇက် အတွက် ချယ်လ်ဆီးအသင်းအား ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀)အ ပြင် လာလီဂါချန်ပီယံဆုအောင်မြင် မှုအပါအဝင် အပိုဆုကြေး ယူရိုသန်း (၄၀)အထိ ထပ်ဆောင်းပေးချေခဲ့ရ ကြောင်းလည်း သိရသည်။ ဟာဇက် သည် ရီးယဲလ်အသင်းသို့မရောက်မီ ၂၀၁၈ ခုနှစ်အတွင်းက စျေးကွက်တန် ကြေး ယူရိုသန်း (၁၅၀)အထိ သတ် မှတ်ခံခဲ့ရသူဖြစ်ပြီး (၂၄)လအတွင်း ယူရိုသန်း (၉၀)အထိ ကျဆင်းသွားခဲ့ ခြင်းဖြစ်သည်။

Most Read

Most Recent