ကစားသမားများကြောင့် မန်ယူနည်းပြရာထူးမှ ဆိုးလ်ရှား ထုတ်ပယ်ခံရနိုင်သည်ဟု ရွိုင်ကိန်း ပြောကြား

ကစားသမားများကြောင့် မန်ယူနည်းပြရာထူးမှ ဆိုးလ်ရှား ထုတ်ပယ်ခံရနိုင်သည်ဟု ရွိုင်ကိန်း ပြောကြား
Photos: Reuters & ITV
Photos: Reuters & ITV
Published 9 October 2020

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက အသင်းကစားသမားများသာ အကောင်းဆုံးစွမ်းဆောင်နိုင်ခြင်းမရှိပါက ဆိုးလ်ရှားအနေဖြင့် နည်းပြရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေသည်ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် အောက်တိုဘာ(၄)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးအသင်းကို အိမ်ကွင်း၌ (၁-၆)ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ရသည်။

မန်ယူအသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ကစားခဲ့ပြီး လက်ရှိတွင် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ရွိုင်ကိန်းက ဆိုးလ်ရှားအနေဖြင့် နည်းပြဟောင်း မော်ရင်ဟိုကဲ့သို့ ကစားသမားများကြောင့် ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွိုင်ကိန်းက "စပါးနဲ့ပွဲက မန်ယူအသင်းရဲ့ စွမ်းဆောင်မှုဟာ ရှက်စရာကောင်းပါတယ်။ ဒါက မန်ယူအသင်းရဲ့ အမှတ်တံဆိပ်ကို အရှက်ရစေတာပါ။ မန်ယူအသင်းမှာ အခက်အခဲတွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီကစားသမားတွေကြောင့်ပဲ ဆိုးလ်ရှားအနေနဲ့ ရာထူးက ထွက်ခွာရပါလိမ့်မယ်။ သူတို့ဟာ မော်ရင်ဟိုတုန်းက အဲဒီလို လုပ်ခဲ့ပြီးပါပြီ။ အခု ဆိုးလ်ရှားကို သူတို့ အဲဒီလိုလုပ်နိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲ ကစားပြီးချိန်တွင် (၁)ပွဲနိုင်၊ (၂)ပွဲရှုံး ရလဒ်ထွက်ပေါ်ထားပြီး ရမှတ် (၃)မှတ်ဖြင့် အဆင့် (၁၆)နေရာ၌ ရပ်တည်နေသည်။

Close

 

Most Read

Most Recent