အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးလိုကြောင်း ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာ ဖွင့်ဟ

အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးလိုကြောင်း ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာ ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 9 October 2020

ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာက မိမိ၏အနာဂတ်နှင့်ပတ်သက်ပြီး အသင်းနှင့်ဆွေးနွေးလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 



အသက် (၃၂)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် ရီးယဲလ်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်သည်။ 

သို့သော် ဘန်ဇီမာသည် ရီးယဲလ်အသင်းတွင် ရေရှည်ဆက်ကစားသွားရန် ဆန္ဒရှိနေပြီး အသင်းနှင့်စာချုပ်သစ် ချုပ်ဆိုလိုနေကြောင်း သိရသည်။ 

ဘန်ဇီမာက "ကျွန်တော် ဘယ်အချိန်အထိ အကောင်းဆုံးပုံစံမှာ ဆက်ရှိနေမလဲဆိုတာ မသိပါဘူး။ တစ်ရာသီချင်း အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ကိုပဲ ကြိုးပမ်းသွားမှာပါ။ ပီရက်ဇ်သာ အလိုရှိရင်တော့ ကျွန်တော့်ဘက်က အမြဲတံခါးဖွင့်ထားပါတယ်"ဟု ပြောကြားခဲ့သည်။

ဘန်ဇီမာသည် ရီးယဲလ်အသင်းအတွက် ယခုရာသီ လာလီဂါ (၄)ပွဲတွင် (၁)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent