ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းသွားပြီဖြစ်သော်လည်း အလွတ်ခေါ်ယူနိုင်မည့် နာမည်ကျော်ကစားသမားများစွာ ဈေးကွက်အတွင်းရှိနေ

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းသွားပြီဖြစ်သော်လည်း အလွတ်ခေါ်ယူနိုင်မည့် နာမည်ကျော်ကစားသမားများစွာ ဈေးကွက်အတွင်းရှိနေ
Photo: Getty Images
Photo: Getty Images
Published 8 October 2020

၂၀၂၀-၂၁ ရာသီ၊ ပရီးမီးယားလိဂ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်သည် ပိတ်သိမ်းသွားခဲ့ပြီဖြစ်သော်လည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည့် နာမည်ကျော်ကစားသမားများစွာသည် ဈေးကွက်အတွင်း ရှိနေကြကြောင်း သိရသည်။

ပရီးမီးယားလိဂ်အသင်းများသည် ယခုအချိန်တွင် ပြည်ပမှ ကစားသမားခေါ်ယူမှုများကို ပြုလုပ်နိုင်ခြင်းမရှိတော့သော်လည်း ပြည်တွင်းအောက်တန်းလိဂ်များထံမှ ကစားသမားခေါ်ယူမှုများကိုမူ အောက်တိုဘာ (၁၆) ရက်နေ့အထိ ဆက်လက်ပြုလုပ်ခွင့်ရရှိနေဦးမည်ဖြစ်သည်။

သို့ဖြစ်ရာ နာမည်ကြီး ကစားသမားအချို့ကို ယခုအချိန်တွင် ခေါ်ယူနိုင်မည့် အခွင့်အရေးရှိနေကြပြီး ယင်းကစားသမားများထဲတွင် ဒန်နီဝဲလ်ဘက်၊ စတားရစ်ချ်၊ ဘာလိုတယ်လီ၊ ဝီလ်ရှိုင်းယား၊ ပါတို၊ မန်ဇူူကစ်၊ ဘင်အာဖာ၊ ရှင်ဂျီကာဂါဝါ၊ နာဆရီ စသည့် ကစားသမားများ ပါဝင်နေကြောင်းလည်း သိရှိရသည်။

ဝက်ဖို့ဒ်အသင်းသည် ဒန်နီဝဲလ်ဘက်အား လစာကြီးမြင့်လွန်းခြင်းကြောင့် အလွတ်ထွက်ခွာခွင့်ပေးခဲ့ခြင်းဖြစ်ပြီး၊ စတားရစ်ချ်မှာမူ ထရက်ဇွန်စပေါ်အသင်းတွင် ဖြစ်ခဲ့သည့် ပြဿနာကြောင့် (၄)လ အပိတ်ခံထားရာမှ ပြန်လည်လွတ်မြောက်လာချိန်တွင် အသင်းလက်မဲ့ဖြစ်နေခြင်းဖြစ်သည်။

၎င်းတု့ိကဲ့သို့ပင် ယခုစာရင်းထဲတွင် ပါဝင်နေသည့် အသင်းလက်မဲ့ဖြစ်နေသော နာမည်ကြီးကစားသမားအများစုမှာ လစာငွေကြီးမြင့်သည့် ကစားသမားများဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင်က လစာနှုန်းထားလျှော့ချပေးမှသာ ခေါ်ယူလိုသည့်အသင်းများက စဉ်းစားမည့် အခြေအနေဖြစ်နေကြောင်းလည်း သိရှိရသည်။

Most Read

Most Recent