ထုတ်ပယ်ခံရနိုင်သည့်နည်းပြ ရေပန်းစားမှုစာရင်းတွင် မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ထိပ်ဆုံးနေရာသို့ ရောက်လာပြီး ပိုချက်တီနို အစားဝင်ရန် ရေပန်းစား

ထုတ်ပယ်ခံရနိုင်သည့်နည်းပြ ရေပန်းစားမှုစာရင်းတွင် မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ထိပ်ဆုံးနေရာသို့ ရောက်လာပြီး ပိုချက်တီနို အစားဝင်ရန် ရေပန်းစား
Photo: AFP
Photo: AFP
Published 5 October 2020

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ရာထူးမှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြများစာရင်းတွင်  တန်းတက်ဖူလ်ဟမ်အသင်းနည်းပြ စကော့ပါကားနှင့် ဝက်စ်ဘရွန်းအသင်းနည်းပြ ဘီလစ်တို့ကိုကျော်၍ ထိပ်ဆုံးနေရာရောက် လာကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲကစားအပြီးတွင် ဘရိုက်တန်အသင်းကိုသာ အဝေးကွင်း၌ အနိုင်ရထားပြီး အိမ်ကွင်း၌ ပဲလေ့စ်ကို (၁-၃) ဂိုး၊ စပါးကို (၁-၆) ဂိုးဖြင့် နှစ်ပွဲစလုံး ရှုံးနိမ့်ထားခြင်းကြောင့် ဆိုးလ်ရှားသည် ယခုအချိန်တွင် ဖိအားများကိုလည်း ရင်ဆိုင်လာရသည်။

ယင်းအတွက်ကြောင့် ရာထူးမှ ထုတ်ပယ်ခံရရန်အတွက် ဘွတ်ကီဒိုင်များ၏ အလေးပေးမှုမှာ မြင့်တက်လာခဲ့ပြီး ၆း၄ ဖြင့် ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံးနည်းပြ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဖူလ်ဟမ်အသင်းနည်းပြ ပါကားက ရး၄၊ ဘီလစ်က ၁၄း၁၊ ရှောင်ဒိုက်(ဘန်လေ) က ၁၄း၁ သတ်မှတ်ခံထားရသည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်မှာမူ ၎င်းလက်ထက် အဆိုးရွားဆုံးရှုံးနိမ့်မှု ရင်ဆိုင်ခဲ့ရသော်လည်း အလေးပေးမှု ၆၆း၁ ဖြင့် အန်ဆယ်လော့တီ(အဲဗာတန်)၊ အာတီတာ(အာဆင်နယ်) တို့နှင့်အတူ ထုတ်ပယ်ခံရရန် ဖြစ်နိုင်ခြေအနည်းဆုံးအဖြစ် ရပ်တည်နေသည်။

ဆိုးလ်ရှားသည် ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းစားမှုမြင့်တက်နေသလို၊ အခြားတစ်ဖက်တွင် မန်ယူအသင်းနည်းပြသစ်ဖြစ်လာမည့်သူအဖြစ်လည်း ယခုအသင်းလက်မဲ့ဖြစ်နေသည့် စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုက ရေပန်းအစားဆုံးဖြစ်လာခဲ့ကြောင်း သိရှိရသည်။

ပိုချက်တီနိုသည် ၂၀၁၉ နိုဝင်ဘာလကတည်းက စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး ယခုအခါ အသင်းလက်မဲ့ဖြစ်နေသည်မှာ (၁)နှစ်ဝန်းကျင်ကြာမြင့်နေပြီဖြစ်သည်။

သူသည် ၂၁း၁၀ လေးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေခြင်းဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းနည်းပြဟောင်း အယ်လီဂရီကမူ ရး၁ လေးဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

၎င်းတို့နောက်တွင် နာဂယ်လ်စ်မန်း၊ အန်ဆယ်လော့တီ၊ ဘင်နီတက်ဇ်၊ လောရင့်ဘလန့်တို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။ 

Most Read

Most Recent