စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်နှင့် ချောင်းဦးမြို့နယ်တွင် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ် ၁၉၇၁ သန်းကျော် ရင်းနှီးမြှုပ်နှံပြီး ကြက်မွေးမြူရောင်းချခြင်းလုပ်ငန်းနှစ်ခု လုပ်ကိုင်မည်

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်နှင့် ချောင်းဦးမြို့နယ်တွင် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ် ၁၉၇၁ သန်းကျော် ရင်းနှီးမြှုပ်နှံပြီး ကြက်မွေးမြူရောင်းချခြင်းလုပ်ငန်းနှစ်ခု လုပ်ကိုင်မည်
Published 3 October 2020

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်နှင့် ချောင်းဦးမြို့နယ်တွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ် ၁၉၇၁ သန်းကျော် ရင်းနှီးမြှုပ်နှံပြီး ကြက်မွေးမြူရောင်းချခြင်း လုပ်ငန်းနှစ်ခုကို လုပ်ကိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၇/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးမှ အတည်ပြုပေးခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ဦးပိုင်အမှတ် (၉၉/က/ ၁၅၃၊ ၉၉ခ/၁၅၄၊ ၁၅၅)၊ ကွင်းအမှတ် (၂၃၆/ နှောပင်ရိုး) ကံဆွယ်ကျေးရွာတွင် မေခဇော်ကုမ္ပ ဏီလီမိတက်က ကျပ် ၁၀၄၅ ဒသမ ၅၀၀ သန်းကိုရာနှုန်းပြည့်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် ကြက်မွေးမြူရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ရန် အတည်ပြုပေးလိုက်သည်။

မုံရွာခရိုင် ချောင်းဦးမြို့နယ် ဦးပိုင်အမှတ် (၁၂၅/၂၊ ၁၂၆/၁)၊ ကွင်းအမှတ် (၁၉၇၆/ ဆင်မြေရွာမ)၊ ငါးလုံးတင်ကျေးရွာအုပ်စုတွင် မေခဇော်ကုမ္ပဏီလီမိတက်က ရာခိုင်နှုန်းပြည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ် ၉၂၆ သန်းရင်းနှီးမြှုပ်နှံပြီး ကြက်မွေးမြူရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၇/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ မြန်မာနိုင်ငံသား ၃၀ အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ကိုဗစ်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပြတ် ဝင်ရောက်နိုင်ရေး ဆောင်ရွက်နေပြီး စက်မှုကဏ္ဍတွင် တရုတ်နှင့် တိုင်ပေမှ ဒေါ်လာ ၁၅ ဒသမ ၇ သန်း ကျော်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခြောက်ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (Yangon Region Investment Committee- YRIC) က အတည်ပြုပေးခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ LED နှင့် Lighting accessories ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်၊ အဝတ်အထည်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်သည်။

Most Read

Most Recent