ယူရိုပါလိဂ် Play-off အဆင့် ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ် Play-off အဆင့် ပွဲကြိုသုံးသပ်ချက်
Published 1 October 2020

ယူရိုပါလိဂ်ပြိုင်ပွဲ Play-offs အဆင့်ခြေစစ်ပွဲတွေက ချန်ပီယံလိဂ်လိုမဟုတ်ဘဲ တစ်ကျော့တည်းသာ ယှဉ်ပြိုင်ကစားသွားမှာပါ။ ဥရောပထိပ်တန်းလိဂ်(၅)ခုက Reims အသင်း ပြုတ်သွားခဲ့လို့ စပါး၊ အေစီမီလန်၊ ဂရန်နာဒါနဲ့ ဝုလ်ဖ်ဘတ်တို့ (၄)သင်းပဲ ကျန်ရှိပါတော့တယ်။ စပါးနဲ့ အေစီမီလန်တို့ကတော့ ပြီးခဲ့တဲ့အဆင့်တွေကလောက် ပွဲမချောင်တော့ပေမယ့် အခက်အခဲမရှိနိုင်ပါဘူး . . .

ရိုစင်ဘော့ နှင့် PSV (ကြာသပတေးည ၁၁း၃၀ နာရီ)

ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်အုပ်စုအဆင့်မှာ ဒီ(၂)သင်း တွေ့ဆုံဖူးပြီး PSV အသင်းက နော်ဝေမြေမှာ ဂိုးပြတ်အနိုင်က စားထားခဲ့တာ တွေ့ရတယ်။ အခုပွဲလည်း PSV ထပ်အောင်ပွဲခံ ဖို့များတယ်။

မာလ်မို နှင့် ဂရန်နာဒါ (ကြာသပတေးည ၁၁း၃၀ နာရီ)

ဂရန်နာဒါအသင်းက ဒီရာသီ ဥရောပဝင်ခွင့်အတွက် သေချာပြင်ဆင်ထားတဲ့အသင်းပါ။ မာလ်မိုက အိမ်ကွင်းကစားရမှာဖြစ်မယ့် ကစားသမားပိုင်းချင်းယှဉ်ရင် ကွာခြားချက်ရှိတယ်။ ဂရန်နာဒါကိုပဲ ရွေးချယ်ချင်တယ်။

ဆာရာယေဗို နှင့် ဆဲလ်တစ် (သောကြာနံနက် ၀၀း၃၀ နာရီ)

ချန်ပီယံလိဂ်ခြေစစ်ပွဲကနေ မမျှော်လင့်ဘဲထွက်လိုက်ရတဲ့ ဆဲလ်တစ်အသင်း ယူရိုပါလိဂ်ဘက်မှာတော့ ထပ်အမှားခံဖို့ မရှိပါဘူး။ ဆာရာယေဗိုကွင်းမှာ ကစားမှာဖြစ်ပေမယ့် ဆဲလ်တစ်ကိုပဲ ကြိုက်တယ်။

ရိန်းဂျားစ် နှင့် ဂါလာတာစာရေး (သောကြာနံနက် ၁း၁၅ နာရီ)

နည်းပြ စတီဗင်ဂျရတ်ရဲ့ရိန်းဂျားစ်အသင်း ဘယ်လောက်အထိ ရှေ့ဆက်နိုင်မလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမဲ့ ကစားသမားအင်အား အထိုက်အလျောက် တောင့်တင်းဆဲဖြစ်တဲ့ ဂါလာတာစာရေးဘက်ကပဲ ရပ်တည်ချင်တယ်။

စပါး နှင့် မက္ကာဘီဟိုင်ဖာ (သောကြာနံနက် ၁း၃၀ နာရီ)

စပါးအသင်းက ယူရိုပါလိဂ်မှာ အမာခံနဲ့ အရန်ကစားသမားတွေကို မျှမျှတတအသုံးပြုပြီး ကစားနေတာတွေ့ရတယ်။ အဝေးကွင်း(၂)ပွဲစလုံး စပါး ရုန်းကန်ရပေမယ့် အခုအိမ်ကွင်းပွဲမှာတော့ ခြေစွမ်းပြောင်းလဲမှုတွေ ရှိလာနိုင်တယ်။ စပါး ဂိုးပြတ်မှာပါ။

ရီယိုအာဗီ နှင့် အေစီမီလန် (သောကြာနံနက် ၁း၃၀ နာရီ)

အေစီမီလန်အနေနဲ့ ယူရိုပါလိဂ်မှာ လူစုံနီးပါးထုတ်ပြီး ကစားနေတာတွေ့ရတယ်။ ရီယိုအာဗီကတော့ ပေါ်တူဂီအလယ်အလတ်အသင်းဖြစ်ပြီး ပြီးခဲ့တဲ့အဆင့်မှာ ဘက်ဆစ်တက်ကို ကျော်ဖြတ်လာခဲ့တဲ့အသင်းပါ။ အဝေးကွင်းဖြစ်ပေမယ့် အေစီမီလန် အနိုင်ကစားဖို့များတယ်။

AEK အေသင် နှင့် ဝုလ်ဖ်ဘတ် (သောကြာနံနက် ၁း၁၅ နာရီ)

ဝုလ်ဖ်ဘတ်အသင်း ကစားသမားပိုင်းသာတာမှန်ပေမယ့် ကစားရမှာက ဂရိမြေဖြစ်နေတာနဲ့ AEK အေသင်က အသင်းလိုက်စုစည်းမှုရှိတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားရမှာပါ။ AEK အေသင်နဲ့ စွန့်စားသင့်တယ်။

စပို့တင်းလစ္စဘွန်း နှင့် LASK (သောကြာနံနက် ၁း၃၀ နာရီ)

စပို့တင်းလစ္စဘွန်းက ယူရိုပါလိဂ် အိမ်ကွင်းနောက်ဆုံး (၁၁)ပွဲမှာ အာဆင်နယ်နဲ့ ဗီလာရီးယဲလ်တို့ကိုပဲ အရေးနိမ့်ခဲ့တာပါ။ LASK ကလည်း ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်မှာ ထွန်းပေါက်ခဲ့တယ်။ အိမ်ရှင်ပဲ နိုင်ဖို့များတယ်။

အခြားပွဲစဉ်များ

အာရာရတ်    -    ဇဗက်ဒါ *

* ကလုချ်        -    KuPS* 

* ဒိုင်နမိုဇာဂရက်    -    ဖလော်ရာ

ချာလေရွိုင်း    -    လက်ချ်ပေါ့နန် *

ဆလိုဗန်လီဘရက်    -    APOEL *

*ဟာပိုးဘီအာရှီဗာ    -    ဗစ်တိုးရီးယားပါလ်ဇန်

ဒီနာမိုဘရက်စ်    -    လူဒိုဂိုရတ်စ် *                

လီဂီယာဝါဆော    -    ကာရာဘတ် *

* FC ကိုပင်ဟေဂင်    -    ရီယဲလ်ကာ

* စတန်းဒတ်လိဂ်    -    ဖယ်ဟာဗာ

* ယန်းဘွိုင်းစ်    -    တီရာနာ

ဘေဆယ်        -    CSKA ဆိုဖီယာ *

ဒန်ဒေါ့ခ်        -    KI *

        

စာရေးသူအကြိုက် အသင်းကို * ဖြင့် ပြထားပါသည်။

Most Read

Most Recent