COVID-19 ကြောင့် ယခင်ကဲ့သို့ မဲဆွယ်စည်းရုံးနိုင်မှုမရှိဘဲ မဲဆွယ်စည်းရုံးကာလကို ရက် ၆၀ သာ ပေးထားသဖြင့် အခက်အခဲများရှိကြောင်း နာဂအမျိုးသားပါတီ (NNP)ဗဟို အထွေထွေအတွင်းရေးမှုးချုပ် ပြောကြား

COVID-19 ကြောင့် ယခင်ကဲ့သို့ မဲဆွယ်စည်းရုံးနိုင်မှုမရှိဘဲ မဲဆွယ်စည်းရုံးကာလကို ရက် ၆၀ သာ ပေးထားသဖြင့် အခက်အခဲများရှိကြောင်း နာဂအမျိုးသားပါတီ (NNP)ဗဟို အထွေထွေအတွင်းရေးမှုးချုပ် ပြောကြား
လေရှီးမြို့နယ် လှန်လှိုင်လှအုပ်စု နာဂအမျိုးသားပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်နေစဉ် (Photo: NNP)
လေရှီးမြို့နယ် လှန်လှိုင်လှအုပ်စု နာဂအမျိုးသားပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်နေစဉ် (Photo: NNP)
Published 14 September 2020
ကောင်းခန့်လင်း(မုံရွာ)

COVID-19 ကြောင့် ယခင်ကဲ့သို့ မဲဆွယ်စည်းရုံးနိုင်မှုမရှိဘဲ မဲဆွယ်စည်းရုံးခွင့် ကာလကို ရက် ၆၀ သာပေးထားသဖြင့် အခက်အခဲများရှိကြောင်း နာဂအမျိုးသားပါတီ (NNP) ဗဟိုအထွေထွေအတွင်းရေးမှူး ချုပ် ထောင်းမကူရီက ပြောကြားသည်။

နာဂအမျိုးသားပါတီ (NNP) သည် အထွေထွေရွေးကောက်ပွဲ၌ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

 

လက်ရှိတွင် မဲဆွယ်စည်းရုံးရာ၌ တစ် နေရာနှင့်တစ်နေရာကို လူအနည်းငယ်မျှသာ သွားရောက်၍ စည်းရုံးရေးလုပ် ဆောင် နေရကြောင်း အထောင်းမကူရီက ပြောကြားသည်။

“ကျွန်တော်တို့ပါတီက မဲဆွယ်တဲ့အခါ မှာ COVID-19 ကြောင့်ခက်ခဲမှုရှိတယ်။ ဒါပေမဲ့လည်း ပြည်သူတွေရဲ့ထောက်ခံမှု ကတော့ ကျွန်တော်တို့အတွက် အဆင်ပြေ တယ်။ မဲဆွယ်စည်းရုံးရေး မဟုတ်ဘဲနဲ့ COVID-19 ကိစ္စကိုပဲ ဦးစားပေးတဲ့ပုံစံမျိုးကို ရောက်သွားတဲ့ အနေအထားမျိုးလည်း ဖြစ်ပါ တယ်။ မဲဆွယ်စည်းရုံးရေးကာလက ရက် ပေါင်း ၆၀ ပဲပေးထားတောာ့ ကျွန်တော်တို့မှာ အခက်ခဲအများကြီးရှိတယ်။ ဒီကာလမှာ ကန့် သတ်ချက်တွေကြောင့် အရင်ကလိုတော့ တွင် တွင်ကျယ်ကျယ် မဲဆွယ်နိုင်တဲ့အနေအထားမျိုးတော့မရှိဘူး”ဟု နာဂအမျိုးသားပါတီ (NNP) ဗဟိုအထွေထွေအတွင်းရေးမှူးချုပ် အထောင်းမကူရီက ပြောကြားသည်။

နာဂအမျိုးသားပါတီ (NNP) အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှာ ခန္တီးမြို့နယ်တွင် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) နှင့် အမှတ်(၂)၊ ဟုမ္မလင်းမြို့နယ်တွင် တိုင်းဒေသကြီးလွှတ် တော်မဲဆန္ဒနယ်အမှတ် (၁) ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၊ လဟယ် မြို့နယ်၊ နန်းယွန်းမြို့နယ်တို့တွင် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်အပါအဝင် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)နှင့် အမှတ် (၂) တို့တွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊နန်းယွန်းမြို့နယ်တို့ပါဝင်သည့် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်ကိုလည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂) နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent