စကော့တလန်နှင့်ပွဲအတွက် ရွေးချယ်ထားသည့် ချက်အသင်း၏ လူစာရင်းတွင် လက်ရွေးစင်ဖြစ်ဖူးသူ (၂)ဦးသာ ပါဝင်

စကော့တလန်နှင့်ပွဲအတွက် ရွေးချယ်ထားသည့် ချက်အသင်း၏ လူစာရင်းတွင် လက်ရွေးစင်ဖြစ်ဖူးသူ (၂)ဦးသာ ပါဝင်
Photo: Sky Sports
Photo: Sky Sports
Published 7 September 2020

ယနေ့ည ယှဉ်ပြိုင်ကစားမည့် စကော့တလန်နှင့် Nations League  ပွဲအတွက် ရွေးချယ်ထားသည့် ချက်အသင်း၏ လူစာရင်းတွင် လက်ရွေးစင်ဖြစ်ဖူးသူ (၂)ဦးသာ ပါဝင်ကြောင်း သိရှိရသည်။

ချက်အသင်းသည် စက်တင်ဘာ(၄)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော ဆလိုဗက်ကီယားနှင့်ပွဲတွင် (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ယင်းပွဲအပြီး၌ အသင်းမှ ဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိသည့်အတွက် တစ်သင်းလုံး ဗိုင်းရပ်စ်စစ်ဆေးမှု ထပ်မံပြုလုပ်ခဲ့ရသလို၊ သီးခြားနေထိုင်မှုလည်း ပြုလုပ်ခဲ့ရသည်။

ထို့ကြောင့် စကော့တလန်နှင့်ပွဲကို ဖျက်သိမ်းရလုနီးပါး ဖြစ်ခဲ့ပြီးမှ ကစားသမားသစ်များ ထပ်မံရွေးချယ်ကာ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကစားသမားသစ်များ ထပ်မံရွေးချယ်ခဲ့ရာတွင် လက်ရွေးစင်ဖြစ်ဖူးသည့် ကစားသမား(၂)ဦးသာ ပါဝင်လာပြီး ကစားသမားသစ်(၂၂)ဦး ပါဝင်လာခဲ့ခြင်းဖြစ်သည်။

လက်ရွေးစင်ဖြစ်ဖူးသည့် ကစားသမား(၂)ဦးမှာ နောက်ခံလူ ဟတ်ဘနစ်နှင့် တိုက်စစ်မှူး တက်ဆယ်တို့ဖြစ်ပြီး ဟတ်ဘနစ်က (၄)နှစ်ကြာပြီးမှ ပြန်လည်ရွေးချယ်ခံရခြင်းဖြစ်သလို၊ တက်ဆယ်မှာလည်း (၂)နှစ်ကြာမှ ပြန်လည်ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent